Part-19

487 39 6
                                    

⚠BECAUSE...⁉

လေညှင်း.........နူးညံ့တဲ့အရာလို့ ခံစားမိလိုက်တယ်မို့လား.....။မုန်တိုင်းလို့ပြောရင် ကြမ်းတဲ့လေပွေတွေကို မြင်မိပေမဲ့......လေညှင်းဆိုတဲ့ စကားလုံးလေးကတော့....ကျွန်ုပ်တို့ရင်ကို အေးမြသွားစေတယ်....။လေပြေ လေညှင်းလေးတွေရဲ့ တိုက်ခက်မှုကြောင့် လန်းဆန်းသွားရသလို.....ထိုလေပြေလေးတွေထဲမှာ နူးညံ့တဲ့အရာလေးတွေ ပါနေတယ်ဆိုရင်ရော...ယုံလား....။စစ်မှန်တဲ့ ခံစားချက်တွေကြောင့်...နူးညံ့တဲ့ လေပြေလေးတွေက အချစ်လေညှင်းလေးတွေကို သယ်ဆောင်ပေးတယ်လို့...ယူဆထားရင်း....ထိုလူကို ရူးနေတယ်လို့...ထင်လိုက်မည်လား....။ကိုယ်တိုင်တောင် မသိလိုက်တဲ့...စစ်မှန်တဲ့ ခံစားချက်တစ်ချို့ကြောင့်...စစ်မှန်တဲ့နေရာဆီသို့....လေပြေလေးတွေက...အလှတရားနဲ့အတူ ခေါ်ဆောင်သွားရင်....ထိုခံစားချက်လေးကို အချစ်စစ်လို့ ခေါ်ချင်တယ်................။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

အချိန်အားဖြင့်...ည11:30 တွင်ဖြစ်သည်....။ဖုန်းတစ်လုံးကိုကိုင်ရင်း....အိပ်ခန်းထဲတွင် ဟိုလျှောက်ဒီလျှောက်လုပ်နေသူက.....လင်းရောင်ခ............

"ဟူး....ဘယ်လိုလုပ်ရမလဲ...ဆက်လိုက်ရမလား....။သူ့ကိုဖုန်းဆက်တယ်ဆိုပြီး...ငါ့ကိုအထင်သေးသွားရင်ရော....။အာ...မဖြစ်နိုင်ပါဘူး...သူ့ပုံစံက အဲ့လိုမဟုတ်လောက်ဘူး....။ငါမဆက်ရင် သူ့ကို ခွင့်မလွှတ်ဘူးဆိုပြီး ထင်သွားမှာပေါ့...။ငါ..ငါကရော...သူ့ကိုချက်ချင်းခွင့်လွှတ်လိုက်ပြီလား....။ဟာ...မသိတော့ဘူး...ဘာလုပ်ရမှာလဲ....."

ကျွန်တော် ဟိုလူ့ဆီကို ဖုန်းဆက်ဖို့...တစ်ယောက်ထဲ စစ်ဖြစ်နေတုန်း..........

"ဒေါက်...ဒေါက်....!! "

ကျွန်တော့်အခန်းတံခါးအား တစ်စုံတစ်ယောက်လာခေါက်လိုက်သည်....။ထိုလူက ကိုကြီးသာဖြစ်နေရင်...ခုချိန်ထိမအိပ်သေးတဲ့ကျွန်တော် အဆူခံထိရပေဦးမည်.....။

"သားငယ်...မအိပ်သေးဘူးလား....အိပ်တော့လေသား......."

ဟူး...တော်ပါသေးရဲ့...ဖေဖေဖြစ်နေလို့...၊ကျွန်တော့်အခန်းမီး မမှိတ်သေးတာတွေ့လို့...ဖေဖေလာကြည့်တာထင်တယ်...။ကျွန်တော် အခန်းထဲကနေရင်းပဲ ဖေဖေ့ကို ပြန်ပြောလိုက်သည်.......။

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now