Part-47💖⭐

327 24 11
                                    

လရောင်ခြယ်၏ စကားတို့ကိုကြားလိုက်တော့...ထက်ကောင်းယံမျက်နှာပျက်သွားကာ...ခုံပေါ်တွင် အအေးထိုင်သောက်နေသည့် ဘုန်းနေသော်ရှေ့တွင်ရပ်လိုက်ပြီး....

"မင်းက အဲ့ဒါဘာဖြစ်နေတာလဲ..."

"ဘာလဲ.."

"ဘုန်းနေသော်..မင်းက ဟန်ဇင်ခကြောင့် ခံစားနေတာလား..."

"......"

စကားပြန်မပြောသည့် ဘုန်းနေသော်အား...ထက်ကောင်းယံစိတ်မရှည်တော့...။ဘုန်းနေသော် လက်ထဲမှအအေးဘူးကိုဆွဲယူလိုက်ပြီး....

"ငါမေးတာကိုဖြေလေ..."

"ကျစ်...ဘယ်လိုဖြစ်နေတာလဲကွာ..သူနဲ့ပက်သက်ဖို့ မင်းပဲတာဝန်ပေးထားတာမဟုတ်ဘူးလား...ဘာတွေလာဖြစ်နေတာလဲ.."

"အေး..ငါမင်းကိုပဲသူနဲ့ပက်သက်ဖို့ပြောတာ...မင်းနှလုံသားကို သူနဲ့ပက်သက်ခိုင်းနေတာမဟုတ်ဘူး...နားလည်လား.."

"ဘယ်သူကရော ပက်သက်နေလို့လဲ..."

"ဒါတော့ မင်းကိုယ်မင်းအသိဆုံးဖြစ်မှာပေါ့.."

တစ်ယောက်တစ်ခွန်း စကားများနေကြသည့်နှစ်ယောက်အား...လရောင်ခြယ်ငြိမ်မကြည့်နိုင်တော့ပေ....

"တော်ကြစမ်းပါဟယ်...ငထက် နင်ကလည်း...စကားကိုအေးဆေးပြောပါ..."

"ဒီကောင့်ပုံစံကိုကြည့်ဦး..အေးဆေးပြောချင်စရာလားလို့..."

"ဟုတ်ပါပြီ...ငါပြောလိုက်မယ်..နင်ဟိုမှာ..အကင်သွားထည့်လာခဲ့..အေးကုန်တော့မယ်...သွားသွား..."

လရောင်ခြယ် အတင်းသွားခိုင်းတော့မှ...ဘုန်းနေသော်ကိုစိုက်ကြည့်ပြီး...ထက်ကောင်းယံနေရာမှထွက်သွားသည်...။
ဘုန်းနေသော်ကတော့...တစ်ဖက်ကိုမျက်နှာမူပြီးထိုင်နေကာ...မကြည်လင်သည့်မျက်နှာထားကတော့..ထင်းနေ၏...။ထိုမျက်နှာတွင်...ဝမ်းနည်းရိပ်တို့သမ်းနေသည်ကိုလည်း...လရောင်ခြယ်သိလိုက်ပြီး.....

"ဒီတော့...ကျားပေါက်လေးကိုခြသေ့င်္ကြီးက ဟိန်းလိုက်တယ်ပေါ့...."

လရောင်ခြယ်..လေသံတိုးတိုးဖြင့် ပြုံးစိစိပြောလိုက်တော့...ဘုန်းနေသော်၏ မျက်ဝန်းဆွယ်ဆွယ်လေးမှ အလိုမကျသည့်မျက်စောင်းလေးဖြစ်ပေါ်သွားသည်.....

⚠BECAUSE...⁉   {U+Z} (Completed)Onde histórias criam vida. Descubra agora