"ကစ်ရေ.....လင်းရောင်ခ...ငါ့အသည်းတွေလဲ မင်းနဲ့ကျမှ ကွဲကုန်ပြီကွာ...အဲ့ဒါမင်းသိလား...!!!"
ဘီယာဗူးကိုကိုင်လျှက် ထက်ကောင်းယံ ဟိုယိုင်ဒီယိုင်ဖြင့်ပြောနေသည်က လင်းရောင်ခ၏ အိမ်ရှေ့တွင်ဖြစ်သည်...။
"မင်းနဲ့ကျမှ ဒီကောင်ကြီး ရှုံးသွားရတာ..မင်းကြောင့်ပဲ...အရာအားလုံး မင်းကြောင့်ပဲကစ်ရာ...မင်းကတော့ငါ့ကိုမုန်းနေပြီပေါ့...မင်းအစ်ကိုအတ္တသမားကြီး..ဒဿဘီလူးကြီး ဟန်ဇင်ခကြောင့်..ငါ့ကိုမုန်းနေပြီမလား..ဟမ်.."
ဆူညံညံအသံကြောင့်...ခြံစောင့်တွေထွက်လာသလို..လင်းရောင်ခလဲ ၀ရံတာဆီသို့ထွက်လာသည်.. ။
ကျယ်လောင်သည့် ထက်ကောင်းယံအသံက အိမ်တစ်ခုလုံး ဖုံးလွှမ်းမတတ်ပင်...။"ဟင်..သူ..သူ ဘယ်လိုလုပ်ပြီး..."
လင်းရောင်ခ အံ့သြလျှက်ပင်ကြည့်နေမိသည်...။
ထိုအချိန်မှာ အိမ်တွင် ဘယ်သူမှမရှိနေသည်က ထက်ကောင်းယံ၏ ကံကောင်းမှုပင်....။
ခြံစောင့်ဦးကြီးထွက်သွားပြီး...ထက်ကောင်းယံအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်ကာ..."ဟေး..ကောင်လေး..ဘာတွေလာအော်နေတာလဲ သွားသွား..."
"ကစ်ကို ပြောချင်တဲ့စကားတွေများနေလို့ပါဗျာ...ကျုပ်ရင်ထဲမှာ ပြည့်လျှံနေပြီ.."
ခြံစောင့်ဦးလေးကြီးလည်း ခေါင်းကုတ်လျှက်...။
အထဲမှ လူမိုက်ဆန်ဆန် အစောင့်နှစ်ယောက်ထွက်လာတော့မည်အပြု..ဦးလေးကြီးက လက်ကာပြလိုက်ပြီး...."ကောင်းခန့်...လာဦးကွာ...ဒီကောင်လေးကို မောင်းထုတ်လိုက်စမ်းပါ..သူဌေးကြီးတို့ပြန်လာရင် ပြဿနာတတ်မယ်..."
အပင်တွေရေလောင်းနေသည့်ကြားမှ ကောင်းခန့်နိုင် သက်ပြင်းချကာ ထွက်လာလိုက်သည်...။
"ကိုထက်ကောင်းယံရယ်...သွားပါတော့ဗျာ...ကစ်ကိုထပ်ပြီးဒုက္ခပေးဦးမလို့လား..."
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............