Part-16

516 36 2
                                    

⚠BECAUSE...⁉


ကျွန်ုပ်တို့ရင်ထဲက သံယောဇဉ်ကြိုးတွေ ဘယ်အချိန်ကစပြီး ချည်နှောင်မိလဲဆိုတာ....သတိထားမိတဲ့သူရှိသလို သတိမထားမိတဲ့အချိန်လေးမှာပဲ ချည်နှောင်မိသွားကြတဲ့သူတွေ ရှိပါတယ်....။သူငယ်ချင်းသံယောဇဉ်လား...၊ချစ်သူသံယောဇဉ်လား ဆိုတာ ခွဲခြားတတ်ဖို့တော့ အစပိုင်းမှာ ခက်ခဲနိုင်တယ်....။သို့ပေမဲ့...တည်မြဲပြီးသား သံယောဇဉ်တစ်ခုက ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မပျက်စီးတော့သလို....စတင် ချည်နှောင်မဲ့ သံယောဇဉ်ကြိုး တစ်ချို့ကိုလဲ...ဘယ်လိုဆုံစည်းပြီး....ဘယ်လို ရစ်တွယ်မိမလဲ ဆိုတာ........မြားနတ်မောင်ကပဲ ဖန်ဆင်းပေးလိမ့်မည်လား.....................။

*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•

လရောင်ခြယ် အိမ်မှပြန်အလာ...ဘုန်းနေသော် နှင့် ထက်ကောင်းယံ တို့ အိမ်အပြန်လမ်းတွင်ဖြစ်သည်.........။

"ငဘုန်း...မင်း..ငါ့ကိုဘာမှမပြောတော့ဘူးလား......."

စထွက်လာထဲက စကားတစ်ခွန်းမှမပြောပဲ တိတ်ဆိတ်နေသည့်ငဘုန်းအား ကျုပ်ကပဲစပြီးပြောလိုက်ရာ...အားပျော့နေသည့် သူ့ရဲ့လေသံသဲ့သဲ့လေး ထွက်ပေါ်လာသည်။

"ငါက မင်းကို ဘာပြောရမှာလဲ...."

"မိခြယ်လိုပဲ ငါ့ကိုအပြစ်တင်ချင်ရင်တင်ကွာ...ရိုက်ချင်တယ်ဆိုလဲရိုက်လိုက်စမ်းပါ...မင်းအဲ့လိုကြီး ဘာမှမပြောပဲနေနေတာ...ငါမကြိုက်ဘူးကွာ....."

အမြဲတမ်း...တစ်ခုခုကိုစိတ်ဆိုးတာနဲ့ ကျုပ်ကိုလက်ပါနေကျဖြစ်တဲ့ငဘုန်းက ခုလိုဘာမှမပြောပဲ တိတ်ဆိတ်နေတာ ကျုပ်အတွက်တော့အနေရခက်ဆုံးပဲ....။ကျုပ်စိတ်မရှည်သလိုပြောလိုက်တော့မှ သူက.......

"ဂေါက်...ငါ့လက်သံကိုတော်တော်ကြားချင်နေတာ....ဟလား...."

ကျုပ်ခေါင်းကို အားမပါပဲ ခေါက်ရင်း ခပ်ရွဲ့ရွဲ့ပြောလာသည်........။ကျုပ်လဲ တစ်ချက်ပြုံးလိုက်ပြီး...သူ့ကို မကြည် ကြည့်နဲ့ပြန်ကြည့်ရင်း..........

"ကြားချင်တယ်ကွာ...မင်းကလဲ..ဟုတ်တယ်...ဟို..ကိစ္စအတွက်..မိခြယ် ငါ့ကိုအပြစ်တင်နေပေမဲ့...မင်းက ဘာမှမပြောတော့...ငါက..-.."

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now