Part-43💖🌟

559 30 10
                                    

ညတစ်ညကို အတွေးများစွာဖြင့်ဖြတ်သန်းရင်း...အချိန်တို့ကုန်လွန်သွားမှန်းမသိပဲ...ခပ်လင်းလင်း ရောင်ခြည်လေးကိုမြင်တော့မှ...မိုးလင်းသွားပြီမှန်း လရောင်ခြယ် သိလိုက်သည်.....။
အခန်းပြတင်းဝရှိ...လိုက်ကာပါးလေး၏အပြင်မှ နေရောင်ဖျဖျလေးကိုလှမ်းမြော်ကြည့်ရင်း...သက်ပြင်းချလိုက်သည်...။ထိုညက သူမအတွက်တော့...အိပ်မပျော်သည့်ညတစ်ညပင်...။ပထမဆုံးအကြိမ် ဖြစ်ပေါ်လာသည့် အချစ်ဆိုသော..ခံစားချက်ကြောင့်ပေါ့.....။

တစ်ညလုံး...ဖုန်းသံမြည်လာတိုင်း...သူများဖြစ်လေမလားဆိုသောစိတ်ဖြင့် ကြည့်မိသော်လည်း...ဘုန်းနေသော်နှင့်ထက်ကောင်းယံမှလွဲပြီး...မျှော်လင့်နေသောဖုန်းလေးက ဝင်မလာခဲ့........။
နေမင်းခအား...သူမ မေးချင်နေသည်...။ဘာကြောင့်လဲ...၊တစ်ကယ်ချစ်၍ ထိုသို့ပြုမူခဲ့သည်လို့တော့...မထင်ပါ။ဒါဆို...သူမအားလှည့်စားတော့မည်လား...။အသုံးချနေခြင်းလား...။မေးခွန်းပေါင်းများစွာဖြင့်..အိပ်စက်ခြင်းကိုတောင်မေ့သွားခဲ့သလို...ဖြစ်နိုင်ရင်..ထိုသူ့ဆီကိုပြေးသွားချင်နေသည့်စိတ်ကြောင့်လဲ ရင်မောခဲ့ရသည်...။

မျက်လုံးအစုံအား...စက္ကန့်အနည်းငယ်မှိတ်လိုက်ရင်း...သက်ပြင်းတစ်ချက်ချကာ...သူမအတွေးတို့အားရပ်တန့်ပြစ်လိုက်သည့်...။လရောင်ခြယ်....ဆိုသည်မှာ အချစ်နတ်ဘုရားထံ ဦးညွတ်မည့်မိန်းကလေး မဟုတ်...။သူမကိုးကွယ်သည်က...အချစ်စစ်၏စွမ်းအားကိုသာ.......။

-----------------------------------------------------

"ဟရောင်...ငဘုန်း...ထစမ်း...ဟရောင်.....လို့..."

မနက်စောစောစီးစီး...ထက်ကောင်းယံ...စိတ်ရှည်စွာဖြင့်...ဘုန်းနေသော်အား နှိုးနေသည်.....။

"ထပါကွာ...ဟရောင်..ဘုန်းနေသော်.."

"ဟင်းး....ဘာလဲကွာ....ဟာ..ဟရောင်..6နာရီတောင်မထိုးသေးဘူးလေ!! ငိုးမ...မင်းဘိုးအေသေလို့ လာနှိုးနေတာလား...ချီးပဲ.."

ပြောရင်း...စောင်ခေါင်းမီးခြုံကာ ပြန်အိပ်နေသော ဘုန်းနေသော်အား...ထက်ကောင်းယံအတင်းဆွဲထူပြီး စောင်ပါ လွှင့်ပစ်လိုက်သည်...။ဘုန်းနေသော် ဆိုသည်မှာ...အိပ်ကောင်းနေတုန်းလာနှိုးလျှင်...crushကိုတောင် ရန်သူလိုမြင်တတ်သူ......

⚠BECAUSE...⁉   {U+Z} (Completed)Hikayelerin yaşadığı yer. Şimdi keşfedin