⚠BECAUSE...⁉
လေကြမ်းတွေ စတင်ဝင်ရောက်လာတဲ့ လူနှစ်ဦးရဲ့ စိတ်.....၊အတ္တကိုယ်ဆီနဲ့...ဘဝခရီးကို ဆက်ကြရာဝယ်...၊ကိုယ့်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မပေးသော ကံတရားနှင့်လဲ ရင်ဆိုင်ကြရဦးမည်....။ဒါဟာလဲ လူတို့ရဲ့လောကဒံပဲ မဟုတ်ပါလား....။ကိုယ့်ဘဝထဲကို ဝင်ရောက်လာတဲ့ လူအမျိုးမျိုးရှိကြမှာပါ....၊လူကောင်း၊လူဆိုး၊လူယုတ်မာ....စသဖြင့် ကံစီမံရာအရ အမျိုးမျိုးသောလူတွေနှင့် တွေ့ဆုံရလျှင် ထိုလူတွေက ကိုယ့်ဘဝရဲ့ နောင်တစ်ချိန်ချိန်မှာ အမှတ်ရစရာဖြစ်လာနိုင်သလို...၊မေ့ဖျောက်သင့်တဲ့လူတွေဆိုတာလဲ ရှိရမှာပေါ့.......။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ထက်ကောင်းယံ...##
"အား...! တော်တော့ဗျာ...ကျုပ်ကို ဆက်မရိုက်နဲ့တော့နော်....ဒီ့ထက်လွန်လာရင် ကျုပ်သည်းခံတော့မှာမဟုတ်ဘူး......""အောင်မာ....မလောက်လေးမလောက်စား မိမရှိဖမရှိအကောင်ကများ ငါ့ကို ပြန်ပက်ချင်သေးတယ်ပေါ့....ဟက်လား...ကျသရေတုံးတဲ့အကောင်...ကဲဟယ်..ဖြန်း...ဖြန်း..."
"ဟာ......ခင်ဗျားကြီးဗျာ....!!..ခွပ်!.ခွမ်...!!"
"အား.........!!"
ကျုပ်ရဲ့ကံတရားကြီးကိုမုန်းတယ်....ဘာလို့များ ကျုပ်ကို ဒီလိုရက်စက်ရတာလဲ....။ဖေဖေ့ရဲ့ အပြစ်တွေကို သားဆက်ခံရဦးမှာလားဗျာ....။ဟုတ်ပါတယ်....ကျုပ်အဖေ ဦးမိုးကောင်းထက် အပြစ်တွေကျူးလွန်ခဲ့ဖူးပါတယ်....။ကျုပ်အတွက်ပါဆိုတဲ့...လောဘဇောတွေကြောင့် လူတစ်ယောက်ကိုလဲ သေစေခဲ့ပါတယ်....။ဒီအတွက်လဲ သူပေးစပ်ပြီးပြီလေ....၊သူတည်ထောင်ခဲ့တဲ့ကုမ္ပဏီကြီးကိုလဲ စွန့်လွှတ်လိုက်ရတယ်...၊လျော်ကြေးတွေမပေးနိုင်လို့လဲ ခွေးပြေး ဝက်ပြေး..ပြေးခဲ့ရပါတယ်ဗျာ....။ဒါတောင်မှ မကျေနပ်သေးပဲ ကျုပ်အဖေကို ဘာလို့ထောင်ထဲပို့ရတာလဲ....ဘာလို့လဲ...ကျုပ်ဘဝမှာ ဒယ်ဒီတစ်ယောက်ပဲရှိတာပါ....၊ခု..ခုတော့ဘယ်သူမှမရှိတော့ဘူး...ကျုပ်တစ်ယောက်ပဲကျန်ခဲ့ရပြီ.....။ဒယ်ဒီ ထောင်ထဲ ရောက်ပြီးတဲ့နောက်...မန္တလေးကဆွေမျိုးတစ်ယောက်က ကျုပ်ကို မွေးစားတယ်....၊အဟက်...မွေးစားတာမဟုတ်ပါဘူး....ခိုင်းစားဖို့ဆို ပိုမှန်လိမ့်မယ်....။ဒယ်ဒီ ရှိတုန်းက ဘယ်ဆွေမျိုးနဲ့မှအဆက်အသွယ် မလုပ်ခဲ့လို့...ကျုပ်အဒေါ်တွေ ဆိုတာကိုလဲ ခုမှပဲမြင်ဖူးရတယ်.....။ကျုပ်ကို အခိုင်းအစေတစ်ယောက်လို သဘောထားပြီး...အစားတစ်လုပ် တုတ်တစ်ချက်ဆိုသလို...နေနေရတဲ့ ဒီအိမ်မှာ ကျုပ်နဲနဲလေးမှ မနေချင်ဘူး....။ဒါပေမဲ့ ကျုပ်မှာ သွားစရာမှမရှိတာ.....သည်းခံပြီးနေရတော့မှာပေါ့...။ခုလဲ ကျုပ်ကို အလုပ်သေချာမလုပ်လို့ဆိုပြီး...ရိုက်နေပြန်ပြီ....၊ကျုပ်သည်းမခံချင်တော့ဘူးဗျာ....ထွက်သွားချင်ပြီ...။ကျုပ်ကို ရိုက်နေတဲ့ အဒေါ်ကြောင့် ဒေါသတို့က ထိန်းမရပဲ အနားက ပန်းအိုးနဲ့ သူ့ခေါင်းကိုရိုက်လိုက်တယ်....။သေတော့မသေပါဘူး...ခေါင်းကွဲပြီး မေ့သွားရုံလေးပါ....။ဒီအချိန်မှာ ကျုပ်ထွက်သွားဖို့ကို စဉ်းစားပေမဲ့...ဘယ်ကိုသွားရမှာလဲ...သွားစရာနေရာမှမရှိတာ.....။
![](https://img.wattpad.com/cover/182522917-288-k702221.jpg)
VOUS LISEZ
⚠BECAUSE...⁉ {U+Z} (Completed)
Roman d'amourဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............