မနက်ခင်းတိုင်းက ကြည်နူးစရာကောင်းသည်ဆိုပေမယ့်လည်း...တစ်ချို့သော ၀မ်းနည်းစရာတွေကို မေ့ဖျောက်နိုင်သည်အထိတော့ မစွမ်းဆောင်နိုင်ပါ...။
အိပ်မပျော်သည့် ညချမ်း၏အပူတွေက...မနက်အထိ လောင်မြိုက်လျှက်....။ဟန်ဇင်ခ ကျောပြင်က ဒဏ်ရာတွေကြောင့်...အင်္ကျီကိုခပ်ဖွဖွဖြင့်ထိန်းဝတ်နေ၏..။
မှန်ရှေ့တွေရပ်ရင်း...ကိုယ်တောင် ဒီဒဏ်ရာလေးကြောင့် နာကျင်နေရလျှင်..ကစ်ဘယ်လိုနေမလဲဟုတွေးရင်း မျက်ရည်ဝဲမိပြန်သည်...။
လင်းရောင်ခ အခန်းဆီသို့ ခပ်သွက်သွက်လျှောက်သွားရင်း...မနက်စာမြန်မြန်လာပို့ဖို့ အိမ်ဖော်တွေကိုမှာလိုက်သေးသည်....။အခန်းတံခါးကိုဖြေးဖြေးချင်းဖွင့်ရင်း...ကွေးကွေးလေးအိပ်နေသည့် ညီအား..သနားစွာဖြင့်ကြည့်မိသည်...။
ခြေလှမ်းကို အဖွဆုံးဖြင့်လျှောက်ရင်း...ကုတင်ဘေးရှိ စားပွဲပေါ်မှမီးအိမ်လေးကို ပိတ်ပေးဖို့အလုပ်...၊ညက ဒဏ်ရာရှိန်ကြောင့်ရော၊စိတ်ဖိဆီးမှုတွေကြောင့်ပါ လင်းရောင်ခအိပ်မပျော်မည်စိုး၍ ဆရာဝန်ပေးခဲ့သည့် အိပ်ဆေးဗူးလေးက လဲနေသည်။ဘေးဘက်မှာလည်း ပြန့်ကျဲနေသည့်ဆေးတွေကြောင့်..ဟန်ဇင်ခ သွေးတက်မတတ် လန့်သွားပြီး......"ကစ်!!!..ကစ်..ထ..ထပါဦး..မဖြစ်ရဘူးနော်..ကစ်!!...မင်းခ!!..ဘယ်သူရှိလဲ လာကြစမ်း!!!"
ဟန်ဇင်ခ ခေါ်သံကြောင့်...အိမ်ဖော်မလေးတွေပြေးဝင်လာသည်...။
နေမင်းခလည်း ၀ရုန်းသုန်းကားဖြင့် ရောက်လာပြီး...."ဘာ..ဘာဖြစ်တာလဲကိုကြီး..."
"ကစ်..ကစ်သတိလစ်နေတယ်...ဆရာဝန်မြန်မြန်ခေါ်ပေး.."
နေမင်းခ ကြောင်တောင်တောင်ဖြင့်ရပ်နေသည်အား..ဟန်ဇင်ခ မျက်မှောင်ကျုံ့ကာလှမ်းကြည့်လိုက်သည်...။
ရင်ခွင်ထဲမှာ ဖက်ထားသည့် လင်းရောင်ခက မျက်လုံးအပြူးသားဖြင့် မော့ကြည့်နေသည်ကို ဟန်ဇင်ခမသိ....။
CZYTASZ
⚠BECAUSE...⁉ {U+Z} (Completed)
Romansဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............