⚠BECAUSE...⁉
ရာဇဝင်ထဲက စစ်ပွဲတွေအကြောင်းလေ့လာရမယ်ဆိုရင်...ဘာကြောင့်တိုက်ခိုက်ကြတာလဲလို့...တွေးမိမယ်....၊ထိုအတွေးရဲ့အဖြေက တစ်ခုထဲပါ....၊တိုင်းပြည်လုကြတာပေါ့...။တစ်ဖက်ကလဲ တိုင်းပြည်တစ်ခုကိုလိုချင်ရင် စစ်ခင်းမယ်...တစ်ဖက်ကလဲ ကိုယ့်တိုင်းပြည်ကိုကာကွယ်ဖို့...တိုက်စစ်ဆင်မယ်...။ဒါမှမဟုတ်...သိမ်းပိုက်ခံထားရတဲ့ ကိုယ့်တိုင်းပြည်ကို ပြန်ယူဖို့ စစ်တိုက်မယ်....။ထိုစစ်ပွဲတွေကို ငြိမ်းခြမ်းရေးယူဖို့...တစ်ချို့သော တိုင်းပြည်တွေက ချစ်ကြည်ရေးလုပ်ပြီး...နှစ်နိုင်ငံ ထိမ်းမြားကြတယ်....။အမျိုးမျိုးပေါ့...။ယခုအချိန်မှာတော့....ထိုကဲ့သို့စစ်ပွဲတွေမရှိတော့ပေမဲ့....သာမန်လူတွေကြားက...အချစ်အတွက်တိုက်ပွဲဝင်ကြတဲ့ အချစ်သူရဲကောင်းတွေတော့ရှိနေပါတယ်....။စစ်သည်တော်လို့ဆိုလိုက်တာနဲ့....ဓားတွေ၊လှံတွေ၊လက်နက်တွေကိုင်ထားကြတဲ့...စစ်ဝတ်စုံနဲ့သူတွေကိုပဲ မြင်မိမည်လား....။နှလုံးသားကိုအရင်းတည်....အချစ်ကို ဒိုင်းအဖြစ်သုံးရင်း တိုက်ပွဲဝင်ခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေကတော့...ရာဇဝင်မှာထဲက ရှိခဲ့သည်မဟုတ်လား....။စစ်သည်တော်တွေတိုက်ပွဲမှာကျဆုံးခဲ့လျှင် ကမ္ဗည်းထိုးဂုဏ်ပြုကြသလို...၊အချစ်အတွက်အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေသည်လည်း...ယခုအချိန်ထိ အချစ်စစ်အတွက် အင်အားတစ်ခုအဖြစ်လမ်းပြနေသည်လေ....။ ရိုမီယိုနဲ့ဂျူးလိယက်၊ရှင်မွှေးလွန်းနဲ့မင်းနန္ဒာတို့ကို လူတိုင်းရင်မှာအချစ်သူရဲကောင်းတွေလို့ တင်စားခဲ့သည်က....အချစ်စစ်၏စွမ်းအားတွေကြောင့်ပဲလား..................။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"ဟရောင် ဘုန်းနေသော်...ဘာဖြစ်လာတာလဲလို့...ငါမေးနေတယ်လေကွာ..."
ဘုန်းနေသော် ၏ ဒဏ်ရာကို ပက်တီးစည်းပေးရင်း...စိတ်မရှည်တော့သည့်လေသံနှင့်...ထက်ကောင်းယံ မေးနေလေသည်....။
ဒီတော့မှ...ဘုန်းနေသော်က......"ကျစ်...ရန်ဖြစ်လာတာကွာ...သေမလို့ ဆက်တိုက်မေးနေတာလား..."
ကျုပ် စဝင်လာထဲက...စိတ်ပူနေသည့်ပုံနှင့် ကျုပ်ဒဏ်ရာကို ပြာပြာသလဲ ဆေးထည့်ပေးနေတဲ့ ထက်ကောင်းယံ ကိုကြည့်ရင်း...စိတ်ထဲမှာကျေနပ်မိတယ်...၊ဖြစ်လာတဲ့ ဒေါသတွေတောင် လျော့သွားသလိုပဲ...။ဒါပေမဲ့...ကျုပ်မဖြေချင်တာကို အတင်းလာမေးနေတော့...စိတ်မရှည်သလို ခပ်ထေ့ထေ့ပဲပြန်ပြောလိုက်တယ်...။ဒါတောင်...ငထက်က ဆက်မေးနေတယ်လေ....။
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............