⚠BECAUSE...⁉
ဒဿ ........ဆိုတဲ့ စကားလုံးကို မြင်လိုက်သည်နှင့်....ရာဇဝင်ထဲက အချစ်ကြီးသူတစ်ယောက်ကို လူတိုင်းမြင်ယောင်မိမှာပါ....။မယ်သီတာအား အချစ်ကြီးမိ၍...လေးတင်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော်လည်း....၊မလျှော့သော အတ္တနှင့်...နည်းပေါင်းစုံသုံးကာ မယ်သီတာထံသို့ ချဉ်းကပ်ခဲ့သေးသည် မဟုတ်ပါလား....။ထိုကဲ့သို့....ဒဿ ၏ လမ်းစဉ်အတိုင်း ကျင့်သုံးမည့်...လူတစ်ယောက်သည်လဲ....သူလိုချင်သည့်အရာကို အောင်မြင်စွာ ယူနိုင်မည်လား....။ဒဿ ဘီလူးကတော့...အချစ်ကြောင့် ဘဝကိုရှုံးနိမ့်သွားရတယ်.....။ထိုသူကရော....ဘယ်လိုလက်နက်ကိုအသုံးချပြီး....မယ်သီတာအား အရယူနိုင်မည်လဲ....................။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ကျီ.....ငဘုန်းရေ..."
အခန်းတံခါးဖွင့်သံနှင့်အတူ...ဘုန်းနေသော် အား အော်ခေါ်ရင်း...ထက်ကောင်းယံ အခန်းတွင်းသို့ဝင်လာသည်.....။
"ဟဲ့...ငထက်...နင် studio မသွားတော့ဘူးလား....."
ကျုပ်အခန်းထဲ ဝင်ဝင်ချင်း မိခြယ်အသံအား ကြားလိုက်ရသည်...။ယခုအချိန်က နေ့လည် 12နာရီကျော်ဆိုတော့....ကျုပ်studioသို့ သွားရမည့်အချိန်ပေ...။ဒီနေ့က ငဘုန်းနေမကောင်းလို့...အိမ်ကိုပြန်လာလိုက်ခြင်းဖြစ်သည်.....။ထမင်းစားပွဲပေါ်မှာ အစားသောက်တွေပြင်ဆင်နေတဲ့ မိခြယ်အား ကျုပ်လှမ်းကြည့်လိုက်ရင်း............
"အေး..ငါငဘုန်းကို စိတ်မချလို့ပြန်လာတာ....သူသက်သာလား....."
"သက်သာပါပြီဟာ...ခုဏကမှ ဆေးခန်းကပြန်လာတာ....."
မိခြယ်အား လှမ်းရယ်ပြရင်း...ကုတင်ပေါ်မှာ အိပ်နေတဲ့ ငဘုန်းနားသို့လျှောက်သွားလိုက်တယ်....။သူကတော့ အိပ်ပျော်နေတယ်လေ....။သူ့နဖူးကိုစမ်းကြည့်တော့....ကိုယ်သိပ်မပူတော့တာနဲ့...ကျုပ်လဲစိတ်အေးသွားတယ်....။ဗိုက်ကလဲဆာနေတာနဲ့ ထမင်းစားပွဲဆီသို့လျှောက်သွားရင်း.......
"ဟား...ဟင်းတွေက စုံလိုက်ချည်လားဟ....ငဘုန်းက ထမင်းစားနိုင်လို့လား..."
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............