Part-15

535 34 2
                                    

⚠BECAUSE...⁉

အမှန်..........၊လူတိုင်းသိတဲ့အမှန်တရားဆိုတာဘာတဲ့လဲ....။လူတိုင်းလက်ခံထားတဲ့အမှန်တရားတစ်ခုဆိုတာ......ကိုယ့်ခံယူချက်ပါပဲ....။ကိုယ်ကိုတိုင် ဆုံးဖြတ်လိုက်တဲ့အရာတစ်ခုကို ကိုယ်ကိုတိုင်ကပဲ အမှန်အမှား ခွဲခြားနိုင်တယ်.....။သာမန်အကြောင်းအရာတွေကိုတော့...သာမန်စိတ်နဲ့ဆုံးဖြတ်ပြီး...သာမန်အတိုင်း လုပ်လိုက်ရင်....သာမန်ပဲဖြစ်သွားမှာပါ....။သို့သော်.....သာမန်စိတ်နဲ့ဆုံးဖြတ်လို့မရနိုင်တဲ့ အကြောင်းအရာတွေကလဲ လောကကြီးမှာ မရေတွက်နိုင်အောင်ရှိနေသည်လေ.....။တစ်ချို့သော အကြောင်းအရာတွေကို အမှန်အမှားခွဲခြားနိုင်ဖို့အတွက်...သင့်မှာ ရင့်ကျက်တဲ့ နှလုံးသားတစ်စုံ လိုအပ်ပါလိမ့်မယ်....။နှလုံးသားကိုရင့်ကျက်တတ်အောင်လုပ်ဖို့က မခက်ပါဘူး....။ခံစားဖူးမှ...၊ထိခိုက်ဖူးမှ...၊ကြေကွဲဖူးမှ နှလုံးသားကရင့်ကျက်တာမဟုတ်ပါ.....။ခိုင်မာတဲ့စိတ်...၊မာကြောတဲ့အကာအရန်...၊မထိုးဖောက်နိုင်တဲ့ တံတိုင်းတွေနဲ့သာ ကာကွယ်ထားရင်....တော်ရုံ မသိမ်ငယ်တော့တဲ့နှလုံးသားက ရင့်ကျက်လာဖို့ မခက်ခဲပါဘူး.....။သို့ပေမဲ့လဲ.....ထိုအကာအကွယ်တွေကို ထားတတ်ဖို့တော့ လိုတာပေါ့.....။အတ္တ.....ဆိုတဲ့ အရာရာကို ဖြိုလှဲနိုင်တဲ့ မုန်တိုင်းကြီးကို သင့်နှလုံးသားရှေ့မှာတည်ဆောက်ထားမယ်ဆိုရင်တော့.....သင့်နှလုံးသားအတွက် အမှားနဲ့အမှန်ကို ကောင်းကောင်းခွဲခြားနိုင်တော့မည်မဟုတ်ပါ....................။

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

"ဝုန်း..!! အ့..."

ဧည့်ခန်းထဲရှိ မှန်ပြင်စားပွဲလေးပေါ်သို့ ရုတ်တရက် ပစ်ကျလာသော လင်းရောင်ခ အား အဲ့သြစွာကြည့်နေသူက...ဆိုဖာပေါ်တွင် ဖုန်းကြည့်နေသော........နေမင်းခ......

"က...ကစ်...ဘာ..ဘာဖြစ်လာ..--.."

"နေမင်းခ..!!!..မင်းပြောစမ်း...အဲ့ဖုန်းကို သွားယူစေချင်တာ...မင်းမို့လား...!! "

ကျုပ် ဂိမ်းဆော့နေတုန်း...ရှေ့က စားပွဲပေါ်သို့ ရုတ်တရက်ကျလာသော ကစ် နဲ့အတူ..ဒေါသကြီးစွာ ပြောနေသော ကိုကြီးအား...ကျုပ်နားမလည်စွာကြည့်ရင်း...ကစ်ကိုလဲ ကြည့်လိုက်တော့...ရှိုက်ကြီးတငင်နဲ့ ငိုနေပြီး...အသားတွေပင်တုန်နေသည်......။

⚠BECAUSE...⁉   {U+Z} (Completed)Donde viven las historias. Descúbrelo ahora