အန္တာရယ် တစ်ခုပြီးတစ်ခုပေးနေသည့် ဟိန်းတေဇအား..ဒီတစ်ကြိမ်တော့ သေချာရှင်းမှကို ရပေတော့မည်...။
ရဲတွေမရောက်ခင် မင်းရဲမာန်နှင့်ကျော်သက်ဦး လူခွဲကာ ဟိုတယ်ထဲတွင် ဟိန်းတေဇကို ရှာကြ၏...။
မင်းရဲမာန် သတိကြီးစွာလျှောက်လာနေရင်း...အရှေ့အကွယ်တစ်နေရာမှာ ရိုက်ဖို့ချောင်းနေသူကိုတော့ မမြင်ခဲ့ပါ...။ခြေလှမ်းတွေ ထိုအန္တရာယ်ဆီသို့ ရောက်လုဆဲဆဲ...အနောက်မှ စောင့်ဆွဲခြင်းကို ခံလိုက်ရ၍ မင်းရဲမာန် ခုခံဖို့ လှည့်ကြည့်တော့...."ဟင်...မင်းက ဘာလိုက်လုပ်တာလဲ.."
ဇွဲသီဟ လိုက်လာခြင်းပင်...။ထိုကောင်လေးက ဘာမှပြန်မပြောပဲ...အနောက်က ရန်သူ၏ အရိပ်ကိုမေးငေါ့ပြလိုက်တော့မှ မင်းရဲမာန် နံရံကိုကပ်လိုက်သည်...။
သို့ပေမယ့် ရန်သူက ထွက်သွားချေပြီ...။
မင်းရဲမာန် ချက်ချင်းပြေးလိုက်တော့...သေချာပါသည်..ထိုသူက ဟိန်းတေဇ..."ခွေးကောင်!! မပြေးနဲ့.."
ဟိန်းတေဇ ဟိုတယ်အမြင့်ဆုံးထပ်ထိရောက်အောင်ပြေးသည်...။မင်းရဲမာန်လည်း မလွတ်တမ်းလိုက်သလို...ဇွဲသီဟလည်း အပါအဝင်...။
ပြေးစရာလမ်းဆုံးသည့် လသာထပ်ကိုရောက်တော့ ဟိန်းတေဇက လိုက်လာသည့် မင်းရဲမာန်အား...သူ့ဂွင်ထဲ ရောက်လာသည့် ငမိုက်သားပမာ မဲ့ကြည့်လိုက်ပြီး...."ခင်ဗျားက ကိုယ်နဲ့မဆိုင်တာကို သိပ်ဝင်ပါချင်တာပဲ...ကျုပ်လမ်းကို ဝင်ရှုပ်တဲ့သူတွေကို ကောင်းကောင်းဆုံးမပေးရမယ်...ဟေ့ယောင်တွေ!!"
ဟိန်းတေဇ၏ လူတွေ ထွက်လာကာ မင်းရဲမာန်နှင့်ဇွဲသီဟကို ဝိုင်းလိုက်သည်...။
မင်းရဲမာန်ကတော့ ရုပ်ရှင်ကြည့်ရတာပျင်းနေသည့် လူတစ်ယောက်သဖွယ်...လေးပင်စွာပြောလာသည်က...."ဘာအကွက်တွေလဲကွာ...မင်းလိုကောင်က သောက်ဦးနှောက်မရှိလို့လဲ ခုလိုတွေလုပ်နေတာပဲ..."
"ဟားဟားဟား...အပြောမစောရဘူးဘရို...မင်းတို့နှစ်ကောင်က ဒီလူသုံးယောက်ကို ရင်ဆိုင်နိုင်တယ်ပေါ့..."
VOUS LISEZ
⚠BECAUSE...⁉ {U+Z} (Completed)
Roman d'amourဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............