နေ့လည်ခင်းမရောက်သေးသ၍..နံနက်ခင်းနေက အပူမပြင်းသော်လည်း...မိုးဦးကျတော့မည့် နွေအဆုံးသတ်က ပူပြင်းလှသည်.....။
အပေါ်ထပ် အင်္ကျီကိုချွတ်ကာ လှေကားထစ်တွေအတိုင်း ဘုန်းနေသော်တက်သွားပြီး အခန်းတံခါးရှေ့ရပ်လိုက်၏....။"မပြီးသေးဘူးလားဟ...နင်တို့မိန်းကလေးတွေကလေ ဘယ်သွားသွား မပြင်ရရင်မနေနိုင်ဘူး...အခု လေဆိပ်ကိုသွားမှာနော် ယွခြယ်..နေမင်းခဆီသွားမှာမဟုတ်ဘူး...ဟင်း.. ယောကျ်ားပဲ ယူရတော့မှာကို အပျိုလေးလို ပြင်နေတယ်"
အခန်းတံခါးကို တဒုန်းဒုန်းခေါက်ရင်း ပေါက်ပေါက်ဖောက်နေသည့် ဘုန်းနေသော်ကြောင့် လရောင်ခြယ် ကပျာကယာဖြင့် ထွက်လာသည်....။"အရူးကောင်...ငါအခု ယောကျ်ားရသေးလို့လား..မရသေးရင်အပျိုပဲဟဲ့...နင်သာ နင့်ရုပ်နင်ပြန်ကြည့်ဦး...ဟွန်း..ရုပ်ကိုက မိန်းမလိုလို ယောကျ်ားလိုလိုနဲ့...လင်ပဲရမလား..မိန်းမပဲရမလားမသိဘူး.."
"ဟဲ့..ငါကိုင်ပေါက်လိုက်လို့...မင်္ဂလာမဆောင်နိုင်ဖြစ်သွားမယ်နော်...."
"ထိကြည့်လေ...ထိကြည့်ပါလား.."
နှစ်ယောက်သား ပခုံးချင်းတိုက်ကာ တစ်ယောက်နှင့်တစ်ယောက် မထိတထိရန်ဖြစ်နေကြတုန်း...လရောင်ခြယ်၏ မိခင်ရောက်လာပြီး....
"သြော်...ဒီကလေးတွေ ဘာဖြစ်နေကြတာတုန်း..လေယာဥ်နောက်ကျတော့မှာပဲ..."
"ဒီမှာ အန်တီ့သမီး အလှပြင်နေတာမပြီးတော့ဘူး.."
"ဘာမပြီးတာလဲ...နင့်ဘာသာလောနေတာ..ငါ ၁၅မိနစ်ပဲကြာသေးတယ်..."
လရောင်ခြယ်၏မိခင်ကတော့ ထိုနှစ်ယောက်အား ခပ်ပြုံးပြုံးကြည့်ရင်း....
"နင်တို့တွေကတော့လေ...ကဲပါသားဘုန်းရယ် သားကပဲ နားလည်ပေးလိုက်ပါ...သမီးကြီးက သူ့ညီမလေးနဲ့မတွေ့တာကြာတော့ အရမ်းပျော်ပြီး ညက တော်တော်နဲ့မအိပ်ဖြစ်ဘူးလေ...မနက်လဲရောက်ရော အိပ်ယာထ နောက်ကျပါလေရော..."
![](https://img.wattpad.com/cover/182522917-288-k702221.jpg)
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............