တိမ်ဖြူအစုလိုက်လေးတွေက ပြာနုနုကောင်းကင်ပြင်တွင်....နေရောင်ခြည်ကလည်း ဖြာတောက်ကာ လှပလျှက်ရှိနေသည်...။
ခြံဝန်းကျယ်ကြီးထဲက တရုတ်စကားပန်းပင်လေးဘေးမှာတော့..လူလေးယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေသည်မှာ နှစ်ယောက်တစ်ဖွဲ့ဆိုင်နေခြင်းဖြစ်၏...။
ဟန်ဇင်ခနှင့်မင်းရဲမာန်..၊ နေမင်းခနှင့်ဘုန်းနေသော်...။
ထိုလေးယောက်၏ အလယ်နေရာ ခပ်လှမ်းလှမ်းတွင် လက်ပိုက်ရပ်နေသူက လရောင်ခြယ်....။"ခင်ဗျားနဲ့ပက်သက်နေတာမလား ဦးဟန်ဇင်ခ..."
ဘုန်းနေသော်က လေသံလေးလေးနှင့်ပြောလာ၍ ဟန်ဇင်ခကလည်း မျက်နှာတင်းလိုက်၏...။ထို့နောက်...
"မင်းကပဲတစ်ပြန်ကြီး..အဲ့ကလေးက ကြယ်စင့်ကြောင့် ဒီအိမ်ပေါ်ရောက်လာတာ...ဘယ်သူက ကြယ်စင်နဲ့ပက်သက်မှုရှိလဲ တစ်လောကလုံးသိတယ်..."
ဘုန်းနေသော်ကလည်း တစ်စက်မှအလျှော့မပေးပါ...။
"အဲ့လိုပြောကြေးဆို မမကြယ်စင်က မိုးကောင်းကင်ကို ခင်ဗျားဆီအပ်ခဲ့တာလေ ခုချိန်ထိ လာခေါ်ဖို့ပြောရင် ဝေ့လည်ကြောင်ပတ်နဲ့...အဲ့ကလေး ဒီအိမ်ပေါ်ရောက်နေတာ ၃ရက်ရှိသွားပြီ...နာရီပေါင်း ၇၂နာရီမှာ ခင်ဗျားနဲ့ရှိတာက နာရီ၅၀လောက်ကိုရှိတယ်...အဲ့တာကျ ခင်ဗျားဘာပြောမလဲ..."
နှစ်ယောက်၏စကားနိုင်လုမှုတွေကြားမှ မင်းရဲမာန် ချက်ချင်းပဲ လရောင်ခြယ်ကိုလှည့်ကြည့်လိုက်ပြီး...
"ခြယ်...မင်းဝင်ပါဖို့လိုနေပြီ...တစ်ခုခုလုပ်ဦး.."
"အင်း...ဘာမှကိုမပြောချင်တော့ဘူး.."
ထိုစဥ် ဆည်းဆာနှင့်မိုးကောင်းကင်က လက်ချင်းတွဲလျှက် ပြေးထွက်လာသည်...။
"မေမေ..မေမေ..ကိုကိုကောင်းကင်က မီးတို့နဲ့ တစ်သက်လုံးအတူနေမှာဆို..ဟုတ်လားဟင်..."
လရောင်ခြယ်က မိုးကောင်းကင်လေးဆီ လျှောက်သွားလိုက်ပြီး..ထိုကလေး၏လက်ကို ကိုင်လိုက်ကာ...
"သားက ဘယ်သူနဲ့အတူတူနေချင်တာလဲ...ပြောပါဦး "
မျက်လုံးလေး ပေကလပ်ဖြင့် မိုးကောင်ကင် ပြန်ပြောလာသည်က...
![](https://img.wattpad.com/cover/182522917-288-k702221.jpg)
KAMU SEDANG MEMBACA
⚠BECAUSE...⁉ {U+Z} (Completed)
Romansaဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............