အနောက်အရပ်ဆီသို့ ပုန်းကွယ်စပြုနေသည့် နေမင်းကြီးကတော့...မြေပြင်တစ်ခွင်အား...လိမ္မော်ရောင်အလင်းတန်းတို့ဖြင့် တောက်ပစေသည်....။
ဟန်ဇင်ခ..ခြံဝန်းထဲရှိ သစ်ခွပန်းပင်လေးကိုကိုင်ကာ..သေချာစိုက်ကြည့်ရင်း...အတွေးတို့က သော်တာ ဆိုသည့်...လမင်းလေးဆီရောက်နေပြန်၏.....။
ခံစားချက်..ဟုသောအရာသည်...ကမ္ဘာမြေကြီးထက်ပင် ကျယ်ပြန့်နိုင်သေးသည်...။နှလုံးသားတွင် သွေးကြောမျှင်တွေများသလောက်...ခံစားချက်တွေကပိုများနေ၏....။
လူတစ်ယောက်အား..ချစ်မိပြီဆိုလျှင်..အမည်မဖော်နိုင်သည့် ခံစားချက်တွေဖြင့်..ပိုလို့တောင်ပြည့်နှက်လာသည်...။
တစ်ချို့သော..ခံစားချက်ကိုရှေ့တန်းတင်သည့်သူတို့သည်...ခံစားချက်နောက်ကိုလိုက်ကာ...စိတ်ကြိုက်ခံစားကြပြီး...ခံစားချက်တွေကပေးသည့် နာကျင်မှုကိုတော့..မခံစားနိုင်ကြပဲ..ကျရှုံးတတ်ကြ၏...။
ခံစားချက်နောက်ကို လုံးဝမလိုက်ပဲ...မာကြောစွာနေတတ်သည့် သူတို့သည်လည်း..အထီးကျန်မှုကိုခံစားရပြန်သည်....။မည်သူမှတော့...ခံစားချက်နှင့်မလွတ်ကင်းနိုင်...။
လူတစ်ယောက်အပေါ်မှာ စိုးမိုးနေ့သည့်ခံစားချက်တွေက...ဝမ်းနည်းမှုတွေချည်းပဲဖြစ်နိုင်သလို..၊ပျော်စရာတွေချည်းလည်းဖြစ်နိုင်သည်...။နှစ်ခုစလုံးလဲဖြစ်နိုင်သေး၏...၊ပိုပြီးတော့လည်းဖြစ်နိုင်ပြန်သည်....။
ခံစားချက်တွေကိုသာ ထိုင်သုံးသပ်နေရမည်ဆိုလျှင်...ရူးချင်လောက်အောင် ရှုပ်ထွေးသွားလိမ့်မည်...။ထို့ကြောင့်...စိတ်ခံစားချက်တော်တော်များများကို ပိုင်ဆိုင်ထားသည့်..ကဗျာဆရာတို့..၊စာရေးဆရာတို့...စသည့်အနုပညာသမားတို့သည်...ခံစားချက်တို့အား..အမျိုးမျိုးသရုပ်ဖော်ကာ ပေးစွမ်းကြ၏..။
လူအမျိုးမျိုး..စိတ်အထွေထွေ..ဆိုသလို..၊နူးညံ့သည့်စိတ်ထားနှင့်..ကြမ်းတမ်းသည့်စိတ်ထားတို့ကတော့..ဒွန်တွဲနေမည်သာ...။
မိမိကိုယ်တိုင်က ခံစားချက်တွေ၏ကျေးကျွန်မဖြစ်လျှင် ပိုကောင်းလိမ့်မည်...။ခံစားချက်က ကိုယ့်ကိုမလွှမ်းမိုးပဲ...၊ကိုယ်ကသာ ခံစားချက်ကိုစိုးမိုးနိုင်သူဖြစ်သင့်သည်...။ထိုအရာကလည်း...လွယ်ကူလှသည်တော့မဟုတ်ပြန်..။မိမိကိုယ်ကိုချစ်လျှင်...အဓိကကတော့..ခံစားချက်ကြောင့်မကျရှုံးသင့်...။
ခံစားရမည်ကိုကြောက်ပြီး...ချစ်ခြင်းတရားကိုလည်း လက်မလွှတ်လိုက်ပါနှင့်...။ကြောက်နေလျှင်လည်း...နှစ်ခါသေတတ်၏...။ဘယ်အရာမဆို ရင်ဆိုင်လိုက်သည်က အကောင်းဆုံးပင်...။
ပျော်ရွှင်မှုကိုလိုချင်လျှင်...ကောင်းမွန်သည့်ခံစားချက်တွေကိုရှေ့တန်းတင်ပါ...။ထိုခံစားချက်တွေ၏နောက်မှာတော့...အမှန်တရားကိုလမ်းပြနိုင်သည့်...ဦးနှောက်၏ ချင့်ချိန်နိုင်မှုတွေကပ်ပါနေပါစေ.......။
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............