Part - 78{Unicode☆☆}

145 13 6
                                    

နွေ...မိုးနှင့်​ဆောင်း...တစ်လှည့်စီ​သော သဘာဝကြီး၏အလှတရားလေး​တွေ...။
ဟောင်းနွမ်းမသွားသည့်​ 'နွေ'...၊အလွမ်းဓါတ်​တွေ​လျော့မသွားသည့် 'မိုး'...၊ထာဝစဥ်တည်ငြိမ်​အေးချမ်း​နေမည့် 'ဆောင်း'...အလှတရား​လေး​တွေ လည်ပတ်​နေသည်မှာ '၆နှစ်' ဆိုသည့် အချိန်တစ်ခု ကုန်လွန်သွားပြန်သည်....။
အတိတ်​တွေကိုပြန်​တွေးရရင်...မ​နေ့တစ်​နေ့က အဖြစ်အပျက်​လေး​တွေသဖွယ်....။
အနာဂတ်ကို​တွေးလျှင်​တော့ ဝေးလွန်း၏....။
အမှတ်တရ​တွေ များပြားလှသည့်အတိတ်တွေက..လုံးဝမ​မေ့ချင်သည့်အတိတ်နှင့်​...မေ့လို့မရသည့်အတိတ်....။
အချိန်​တွေသာ တစ်​ရွေ့​ရွေ့ကုန်ဆုံးသွားမယ်...တစ်ချို့​ သံ​ယောဇဥ်​တွေက​တော့ ဆက်လက်တည်မြဲရင်း...ဆက်လက်တိုးပွားရင်း...။
သို့​ပေမယ့်...တစ်ချို့သံ​ယောဇဥ်​တွေကလည်း............

"အား...များလိုက်တာကွာ..မီးဖို​ချောင်ဆိုတဲ့​နေရာက အရှုပ်ဆုံးပဲ..."

အဟဲ...ကျုပ်က ဘုန်း​နေ​သော်ပါဗျ...။မီးဖို​ချောင်ဝင်​နေရတာက ကျွန်​တော့်ဟန်အတွက် ကိုယ်တိုင်ချက်​ပေးချင်လို့...။​
ဟန်က ကျွန်​တော်နဲ့တစ်ခါတစ်​လေ နှစ်​ယောက်ထဲနေဖို့အတွက် အိမ်​လေးတစ်လုံး စီစဥ်​ပေးထားတယ်...။တစ်ကယ်​တော့ အပန်း​ဖြေအိမ်သ​ဘောမျိုးပါ...။နှစ်​ယောက်ထဲအတွက် ဆို​ပေမယ့်လည်း..ဒီအိမ်က အကုန်လုံးစုံရာ နယ်​မြေလိုဖြစ်​နေပြီ...။ကျွန်​တော်က​တော့ ဟန်ဝယ်​ပေးတဲ့အိမ်​လေးမှာပဲ လာ​နေတာ လွန်ခဲ့တဲ့ ၄နှစ်ထဲကပဲ..။
မီးဖို​ချောင်ဝင်ရတာ တော်​တော်လေး​တော့ ဒုက္ခများတယ်ဆို​ပေမယ့်...ကျွန်​တော်ကြိုးစားရမှာပါ..။ဘာလို့လဲဆို​တော့.....အင်း...မ​ပြောချင်​သေးပါဘူး...။
ဒီ၆နှစ်အတွင်း ပြောင်းလဲသွားတာ​​တွေက​တော့...
ဟန်က အလုပ်အရမ်းများလာတယ်...ကျုပ်ကို​တောင် အချိန်မ​ပေးချင်​တော့ဘူး...။မင်းခနဲ့ခြယ်က​တော့ တစ်ကယ့် စံဇနီး​မောင်နှံပါပဲ...လိုက်ဖက်ညီလွန်းတယ်...။သူတို့က အိမ်ခွဲမ​နေဘူး..ဦးသူရိန်ခအိမ်မှာပဲ စည်းစည်းလုံးလုံး​နေကြာတာ...အခုဆို အရမ်း အရမ်းချစ်စရာ​ကောင်းတဲ့ သမီး​လေးတစ်​ယောက်​တောင် ရ​နေပြီဗျာ...။သူ့အဘိုးဖြစ်သူက​တော့ သဲသဲလှုပ်ပဲဗျို့...။
မင်းခကလဲ သူ့အစ်ကိုဟန်ဇင်ခနဲ့ အလုပ်တွဲလုပ်​နေတယ်...။ပြီး​တော့ ကောင်းခန့်နိုင်လဲ  သူတို့ company မှာပဲ...။
အန်ကယ်သူရိန်ခနဲ့..အန်တီနန်းမာလာတို့က ပြန်​ပေါင်းထုတ်လိုက်ကြပြီး မိသားစုနဲ့အတူတူ​နေပေမယ့်...မာန်က​တော့မ​နေဘူး...သူ့အရင်အိမ်မှာပဲ လွတ်လွတ်လပ်လပ်​နေ​နေတယ်...။သူ့ company ကိုလဲ ဦးစီးရင်း​ပေါ့...။သူက​တော့ ခုထိ တစ်ကိုယ်တည်း လူပျိုကြီး...အဟဲ..ဇွဲသီဟက မနှစ်က နိုင်ငံခြားက​နေအပြီးပြန်လာပြီး မာန့်ကို ဖွင့်​ပြောသေးတယ်​...မာန်က အခုထိလက်မခံ​သေးတာ...။
မမကြယ်စင်က​တော့...ကျုပ်ကို စိတ်နာသွားလားမသိဘူး...နယ်ဘက်​တွေက ဆရာမ နည်းတဲ့ က​လေးထိန်း​ကျောင်း​တွေကိုမှ​ရွေးပြီး စာသွားသင်တယ်​လေ...။သတင်း​ကောင်းတစ်ခုက...မမကြယ်စင်နဲ့ ခြယ့်ညီမ ငွေ​ရောင်သွယ်...အတွဲ​တွေဖြစ်​သွားပြီတဲ့...။ချစ်စရာ​တော့အ​ကောင်းသား...သွယ်​လေးကလဲ က​လေး​တွေအတွက် အပန်း​ဖြေစခန်းတစ်ခု ဖွင့်ဖို့စီစဥ်တာ ဟိုတ​လောကမှ အထ​မြောက်သွားတာ​လေ....။ခုက နွေရာသီပိတ်ရက်ဆို​တော့...မမကြယ်စင်က နယ်က သူလုပ်အား​ပေး​နေတဲ့ ကျောင်းက က​လေး​တွေကို သွယ့်ရဲ့ အပန်းဖြေစခန်းဆီ ခေါ်လာမယ်လို့​ပြောတယ်...။ဘယ်​တော့​ရောက်မလဲ​တော့မသိ​သေးဘူး...။
ဟူး...ဘာပဲဖြစ်ဖြစ် ကျုပ်တို့အကုန်လုံး အတူတူရှိ​နေကြ​ပေမယ့်...ဝေးကွာ​နေတဲ့လူနှစ်​ယောက်ကို​တော့ အမြဲတမ်း​ သတိရ​နေမိတယ်...။
နှစ်​တွေ ဒီ​လောက်ကြာတာ​တောင် မင်းတို့​တွေ နေနိုင်လိုက်တာကွာ....။

⚠BECAUSE...⁉   {U+Z} (Completed)Onde histórias criam vida. Descubra agora