⚠BECAUSE...⁉
ကြမ်းတမ်းတဲ့လေပွေတွေ တိုက်ခတ်ပြီးတော့.....နူးညံ့တဲ့လေပြေလေး ဝင်လာတတ်တယ်....။ထိုလေပြေလေးကရော ဘယ်လောက်ထိ အေးမြစေမှာလဲ...၊အေးချမ်းမှုတွေ ဘယ်လောက်ထိ ဆောင်ယူလာနိုင်မှာလဲ....။အရာရာတိုင်းက မတည်မြဲပေမဲ့....အဲ့ဒီမတည်မြဲတာလေးတွေကပဲ သဘာဝရဲ့အလှတစ်ခုဖြစ်နေတယ်.....................။
.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ခရီးသွားတွေဖြင့် စည်ကားနေတဲ့....လေဆိပ်တစ်နေရာ.......၊အသွားအပြန် လေယာဉ်တွေလဲ ပျံသန်းသည်ကပျံသန်း ဆင်းသက်သည်က ဆင်းသက်ဖြင့်....မြင်ကွင်းလေးက တစ်မျိုး ကြည့်ကောင်းနေသည်.....။လေယာဉ်သံဆူညံညံတွေကြားထဲမှာ နှုတ်ဆက် ခွဲခွာရင်း အလွမ်းသယ်နေသည့်လူတွေနှင့်...ပြန်လည်တွေ့ဆုံရင်း ကြည်နူးနေကြသည့် လူတွေ......။ထို လူတွေထဲမှ ပြန်လည်ဆုံတွေ့ဖို့အတွက် ဆိုက်ရောက်လာတော့မည့် လေယာဉ်တစ်စင်းကို စောင့်မျှော်နေသည့် လူတစ်ယောက်ကတော့..............
ကျော်သက်ဦး ပင်ဖြစ်သည်.....။ထိုင်ခုံတစ်နေရာမှာ ထိုင်နေရင်း....လေယာဉ်ကွင်းကြီးအား ဝေ့ဝိုက်ကြည့်နေကာ.....သူတွေးနေသည်ကတော့.................."ဟူး......အချိန်တွေပြောင်းပဲသွားပေမဲ့.... ဒီနေရာကတော့ အရင်အတိုင်းလိုပဲ....။ခွဲခွာသူတွေ၊နှုတ်ဆက်သူတွေ၊ပြန်တွေ့ကြသူတွေနဲ့.......ဒီနေရာလေးကို ဆုံဆည်းရာ လို့ပဲ ခေါ်ချင်တော့တယ်........။တစ်ချိန်က ဒီနေရာကို ဝမ်းနည်းမှုတွေနဲ့အတူ လူတစ်ချို့ ကို ခွဲခွာဖို့ ရောက်ခဲ့ဖူးတယ်....၊ ဒါပေမဲ့....10နှစ်ဆိုတဲ့ အချိန်ကြာသွားပြီးနောက်....ကျုပ်ဒီနေရာကို ပျော်ရွှင်မှုတွေနဲ့အတူ လူတစ်ချို့ကို တွေ့ဆုံဖို့အတွက် ရောက်လာရပြီလေ......."
လေဆိပ်သို့ ဆိုက်ရောက်လာတဲ့လေယာဉ်တစ်စင်းပေါ်မှ luggage ကိုယ်ဆီဖြင့် ဆင်းလာကြတဲ့....ကောင်လေးသုံးယောက်.........၊စတိုင်ဘောင်းဘီအဖြူ နှင့်ရှပ်အဖြူ ကိုတွဲဖက်ထားပြီး...အပေါ်မှလဲ ကြယ်သီးမတပ်ထားသော အဖြူ ရောင်လက်ရှည် လေးက လေတိုက်တိုင်းလွင့်လျှက်....မနုမရင့် အဝါရောင် ဆံပင်လေးတွေက နဖူးထက်မှာဝဲနေတဲ့...အသက် 17,18အရွယ် ဖြူ စွတ်စွတ်ကောင်လေး...luggage ကိုဆွဲကိုင်ပြီး လျှောက်လာတဲ့ပုံစံလေးက အိနြေ္ဒရှိလှသည်..........။ထိုကောင်လေး၏ ဘယ်ဘက်နေရာတွင်.....မီးခိုးရောင် ဘောင်းဘီကို ဆင်စွယ်ရောင် အင်္ကျီအကျပ်နှင့် တွဲဖက်ပြီး...အပေါ်မှ အနက်ရောင်လက်ရှည် coat ကိုဝတ်ဆင်လျှက်....ရွှေဝါရောင် ဆံနွယ်တွေက နဖူးထက်သို့ကျသည်ကကျ..၊ထောင်သည်ကထောင်နှင့်....အသက်20 ကျော်အရွယ် ဖြူ ဖွေးဖွေး ကောင်လေးကလဲ...style ကျကျ လျှောက်လှမ်းလျှက်......။ညာဘက်နေရာမှာတော့.....အနက်ရောင် style ဘောင်းဘီနှင့်..အပြာရင့်ရောင် shirtလက်ရှည်ကိုဝတ်ဆင်ပြီး....လက်တစ်ဖက်မှာ language ကိုဆွဲ...တစ်ဖက်မှာ coat အမဲရောင်ကို ပိုက်ထားတဲ့....နက်မှောင်တဲ့ဆံပင်..၊ရှည်လျားတဲ့အရပ်နဲ့.....စမက်ကျလွန်းစွာ လမ်းလျှောက်လာသည်......။ထိုသူတို့ကို အံသြစွာ ငေးကြည့်နေသူက...ကျော်သက်ဦး သာ..........
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............