Part - 70💖🌟[Zawgyi☆☆]

105 6 0
                                    


နေ့လည်ခင်းမ​ရောက်​​သေးသ၍..နံနက်ခင်း​နေက အပူမပြင်း​သော်လည်း...မိုးဦးကျ​တော့မည့် နွေအဆုံးသတ်က ပူပြင်းလှသည်.....။
အ​ပေါ်ထပ် အင်္ကျီကိုချွတ်ကာ လှေကားထစ်​တွေအတိုင်း ဘုန်း​နေ​သော်တက်သွားပြီး အခန်းတံခါး​ရှေ့ရပ်လိုက်၏....။

"မပြီး​သေးဘူးလားဟ...နင်တို့မိန်းက​လေး​တွေက​လေ ဘယ်သွားသွား မပြင်ရရင်မ​နေနိုင်ဘူး...အခု လေဆိပ်ကိုသွားမှာ​နော် ယွခြယ်..နေမင်းခဆီသွားမှာမဟုတ်ဘူး...ဟင်း.. ယောက်ျားပဲ ယူရ​တော့မှာကို​ အပျို​လေးလို ပြင်​နေတယ်"
 
အခန်းတံခါးကို တဒုန်းဒုန်း​ခေါက်ရင်း ပေါက်​ပေါက်​ဖောက်​နေသည့် ဘုန်း​နေ​သော်​ကြောင့် လ​ရောင်ခြယ် ကပျာကယာဖြင့် ထွက်လာသည်....။

"အရူး​ကောင်...ငါအခု ယောက်ျားရ​သေးလို့လား..မရ​သေးရင်အပျိုပဲ​ဟဲ့...နင်သာ နင့်ရုပ်နင်ပြန်ကြည့်ဦး...ဟွန်း..ရုပ်ကိုက မိန်းမလိုလို ယောက်ျားလိုလိုနဲ့...လင်ပဲရမလား..မိန်းမပဲရမလားမသိဘူး.."

"ဟဲ့..ငါကိုင်​ပေါက်လိုက်လို့...မင်္ဂလာမ​ဆောင်နိုင်ဖြစ်သွားမယ်​နော်...."

"ထိကြည့်​လေ...ထိကြည့်ပါလား.."

နှစ်​ယောက်သား ပခုံးချင်းတိုက်ကာ တစ်​ယောက်နှင့်တစ်​ယောက် မထိတထိရန်ဖြစ်​နေကြတုန်း...လ​ရောင်ခြယ်၏ မိခင်​ရောက်လာပြီး....

"သြော်...ဒီက​လေး​တွေ ဘာဖြစ်​နေကြတာတုန်း..လေယာဉ်​နောက်ကျ​တော့မှာပဲ..."

"ဒီမှာ အန်တီ့သမီး အလှပြင်​နေတာမပြီး​တော့ဘူး.."

"ဘာမပြီးတာလဲ...နင့်ဘာသာ​လော​နေတာ..ငါ ၁၅မိနစ်ပဲကြာ​သေးတယ်..."

လ​ရောင်ခြယ်၏မိခင်က​တော့ ထိုနှစ်​ယောက်အား ခပ်ပြုံးပြုံးကြည့်ရင်း....

"နင်တို့​တွေက​တော့​လေ...ကဲပါသားဘုန်းရယ် သားကပဲ နားလည်​ပေးလိုက်ပါ...သမီးကြီးက သူ့ညီမ​လေးနဲ့မ​တွေ့တာကြာ​တော့ အရမ်း​ပျော်ပြီး ညက တော်​တော်နဲ့မအိပ်ဖြစ်ဘူး​လေ...မနက်လဲ​ရောက်​ရော အိပ်ယာထ နောက်ကျပါ​လေ​ရော..."

"ဟုတ် အန်တီသွယ်...သားသိပါတယ်  အဲ့ဒါ​ကြောင့်လဲ နောက်ကျမှာစိုးလို့...သူ့ကို​လော​နေရတာ..."

⚠BECAUSE...⁉   {U+Z} (Completed)Tahanan ng mga kuwento. Tumuklas ngayon