ခြံကျယ်ကျယ်ကြီးအတွင်းမှ စိမ်းစိုစိုမြက်ခင်းတို့သည်...ခြံဝန်းထဲရှိ အဖြူ ရောင်အဆောင်ငယ်လေးနှင့် လိုက်ဖက်လွန်းနေသည်...။ထိုအဆောင်လေးကတော့..လရောင်ခြယ် ၏ ခြံဝန်းထဲရှိ သူမနှင့် ဘုန်းနေသော် ၊ ထက်ကောင်းယံ တို့ ဆုံလျှင် ထိုင်နေကျနေရာလေးဖြစ်သည်...။
ယခုအချိန်သည်...နေဝင်ချိန်ဖြစ်သည့်အတွက်...နေရောင်ဖြာမှအရောင်တောက်သည့် အစိမ်းရောင်မြက်ခင်းတို့ကတော့ အရောင်မှိန်နေသည်...။အလှမီးသီး၊မီးကြိုးများ၏ အစွမ်းကြောင့်...ထိုအဖြူ ရောင်အဆောင်ကလေးကတော့ တောက်ပလျှက်...။ထိုနေရာလေးနှင့်လိုက်ဖက်အောင် ထိုင်နေသူသည်လည်း...နတ်သားဟုပင်ခေါ်နိုင်လောက်အောင်...ချောမောနေပြီး..ဆင်မြန်းထားသည့်အဝတ်အစားတို့ကလဲ ကိုယ်ပေါ်တွင် တောက်ပစွာဖြင့်လှပနေသည်...။အနောက်တိုင်းပွဲတက်ဝတ်စုံဖြင့်...ချောမောခန့်ညားနေသူကတော့ ထက်ကောင်းယံ........
"ဟူး...ကြာတာကွာ...ဘာတွေဘယ်လောက်တောင်ပြင်နေလဲမသိဘူး..."
လွန်ခဲ့တဲ့ 1နာရီကျော်လောက်ထဲက ပြင်ဆင်နေသော လရောင်ခြယ် နှင့် ဘုန်းနေသော် အား ထိုင်စောင့်နေရသည်မှာ အမှန်ပင်ပျင်းနေလေပြီ...။နာရီဝက်လောက်ကြာတော့...သူတို့နှစ်ယောက်ထွက်လာသည်...။party dress ဖြင့်..လှချင်တိုင်းလှနေကြသော သူ၏သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း ပြုံးမိသည်...။ ဘုန်းနေသော် မှာ..ဆူပုတ်ပုတ်ဖြင့်...စိတ်မပါသည့်ပုံဖြစ်နေသော်လည်း...လှနေသည်ကတော့အမှန်ပင်...၊ယောက်ျားလေးလိုလည်း ချောနိုင်လွန်း..၊မိန်းကလေးလိုလည်း လှနိုင်လွန်းတဲ့...သူငယ်ချင်းဖြစ်သူအား...ထက်ကောင်းယံ စချင်လာသည်.....။
VOCÊ ESTÁ LENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............