Part-63💖🌟

176 20 6
                                    

မိုးရိပ်​တို့မဲ​နေသည့်​​ကောင်းကင်​ပြင်​က...သိပ်​မကြာခင်​မှာပင်​ ​အေးစိမ့်​စိမ့်​မိုး​ရေစက်​​တွေကို ရွာသွန်း​စေလိုက်​သည်​....။

မဒီနွယ်​ ​သေဆုံးပြီးသည့်​ တစ်​ပတ်​​မြောက်​​သော​နေ့.....

တိတ်​ဆိတ်​​ခြောက်​ကပ်​​သော သုသာန်​ပြင်​က မိုးရိပ်​​ကြောင့်​ ပိုမို​မှောင်​မိုက်​လျှက်​...

မဒီနွယ်​..
အသက်​(၂၄)နှစ်
ဆိုသည့်​ အုပ်​ဂူ​ရှေ့​တွေ..ဟိန်း​တေဇ ရပ်​​နေသည်​မှာ အ​တော်​ကြာ​ချေပြီ...။
မိုးကိုလည်းမမူ...၊အ​အေးဓာတ်​ကိုလည်း မသိနိုင်​​အောင်​ ၀မ်းနည်းမှုတို့ကဖုံးလွှမ်း​နေ၏...။
ခပ်​ရှည်​ရှည်​ဆံပင်​တို့က မိုး​ရေ​ကြောင့်​ မျက်​နှာထက်​တွင်​အုပ်​ကာဖြင့်​ အသက်​မဲ့​သောလူတစ်​​ယောက်​သဖွယ်​ရပ်​​နေသည့်​ အနှီလူသားက လက်​သီး​တွေကိုလည်း​ကျစ်​​နေ​အောင်​ဆုပ်​ထားသည်​...။
တစ်​ဆက်​ဆက်​တုန်​​နေသည့်​လက်​တို့နှင့်​အတူ..ပြာနှမ်းနှမ်းနှုတ်​ခမ်းထက်​က​နေ လေးပင်​သည့်​ အသံထွက်​လာသည်​.....။

"မမ...ကျုပ်​ကတိ​ပေးတယ်​...ကျုပ်​နဲ့မမရဲ့ သံ​ယောဇဉ်​ကို သူတို့ဖျက်​ဆီးလိုက်​သလိုပဲ..သူတို့အချစ်​​တွေ သံ​ယောဇဉ်​​တွေအကုန်​လုံး တစ်​စဆီဖြစ်​​အောင်​ ဖျက်​ဆီးပြမယ်​!! ဆုံးရှုံးရတဲ့နာကျင်​မှု..ပျက်​ဆီးသွားတဲ့​ပျော်​ရွှင်​မှု​တွေအကုန်​လုံးအတွက်​ သူတို့ပြန်​​ပေးဆပ်​ရမယ်​!!! မမ ​စောင့်​ကြည့်​​နေပါ..​မောင်​​လေးအနားမှာ​နေပြီး​တော့....."

-------------------------------------------------------------------------

တစ်​ပတ်​လုံးလုံး အဆက်​အသွယ်​ပင်​မရ​တော့သည့်​ ချစ်​သူ​အား လွမ်းရသည်​က ​နေ့စဉ်​နှင့်​အမျှ...။
စိတ်​ပူရသည်​ကလည်း ရင်​မ​အေးနိုင်​...။
တွေ့ချင်​လှသည်​.....။

"ဘုန်း...ဒီ​နေ့မဒီနွယ့်​ရက်​လည်​ဆို.."

"အင်း.."

လ​ရောင်​ခြယ်​အ​မေးအား ဘုန်း​နေ​သော်​ အသံထွက်​ရုံသာပြန်​​ဖြေလိုက်​သည်​...။
လက်​ထဲမှ ဖုန်း​လေးကို တစ်​ကြည့်​ကြည့်​လုပ်​​နေသည့်​ ဘုန်း​နေ​သော်​အား..လ​ရောင်​ခြယ်​ သက်​ပြင်းတစ်​ချက်​ချကာကြည့်​လိုက်​ရင်း...

⚠BECAUSE...⁉   {U+Z} (Completed)Tempat cerita menjadi hidup. Temukan sekarang