⚠BECAUSE...⁉
ကဗျာ...ဆိုသည်က နူးညံ့သိမ်မွေ့ခြင်းတွေ...၊ချစ်ခြင်းတွေကြောင့် ဖြစ်ပေါ်လာသည့်....အသာယာဆုံးသော စကားလုံးလေးတွေပဲမဟုတ်ပါလား....။အလွမ်းအဆွေးကြောင့်ပဲဖြစ်ဖြစ်...၊ရင်ခုန်မှုကြောင့်ပဲဖြစ်ဖြစ် ကဗျာဆန်တတ်လာလိမ့်မည်ဟု.."အချစ်နှင့်တွေ့ရင် လူတိုင်းက ကဗျာဆရာတွေဖြစ်သွားတတ်သည်..."ဆိုသော စကားလေးတစ်ခွန်းက ဖော်ပြနေပေသည်....။လူတစ်ယောက် ကဗျာဆန်စွာအလှအပကိုမြင်တတ်လာသည်မှာ...ထိုလူကိုယ်တိုင်ရဲ့နှလုံးသားကလဲ...အချစ်ကြောင့်လှုပ်ရှားလာရသည်မို့သာ.........
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-"အ့...ဘာလဲကွ"
ထက်ကောင်းယံ ၏ ဗိုက်ခေါက်အား...သော်တာ ဆိုသော မိန်းကလေး လိမ်ဆွဲလိုက်ခြင်းဖြစ်သည်...။ထက်ကောင်းယံ ကို နားနားကပ်ပြီး..သူမပြောလိုက်သည်က..
"မင်းအဖေကြီး ဟန်ဇင်ခရှိမှန်းသိလို့ ငါ့ကိုသက်သက်ဝုန်းတာမလား ဟရောင် ခွေးကောင် မင်းအိမ်ရောက်မှတွေ့မယ်..."
"မင်းဘိုအေ..သူရှိမှန်းငါကသိမလားဟ...ဟရောင် ဟရောင့် မင်းစည်းကမ်းဖောက်နေပြီနော်...ဟမ်းဟမ်း လေသံလေးတွေကိုပြင်လိုက်ပါ သော်တာရာ ဟားဟား..."
ထက်ကောင်းယံ ၏ မခံချင်အောင်ပြောမှုကြောင့်...ရှူးရှူးရှဲရှဲနှင့်ဒေါသထွက်နေသော..သော်တာ ဆိုတဲ့လူသားလေးကတော့ စိတ်ထဲတွင်သာဆူညံအောင်ဆဲနေမိတော့သည်.......
**ခွေးကောင်..ငုံးကောင်..ဟင်း လုပ်ထားပေါ့ကွာ...ညနေကလျှာရှည်မိတဲ့ငါ့ကိုယ်ငါသာ အစိမ်းလိုက်ဝါးစားချင်တော့တယ်..**
<<<<<<<<<<<<<<<<<<<<<<<<<
ထိုနေ့၏ညနေခင်းအချိန်တွင်ဖြစ်သည်.......
VOCÊ ESTÁ LENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............