ဒီအမေးအဖြေလေးတွေက..'Because' ကို နားမလည်လိုက်တဲ့နေရာလေးတွေရှိနေရင် နားလည်သွားစေချင်လို့ပါ...။
ကိုယ့်အနေနဲ့ အဓိကနေရာလေးတွေကိုပဲ ဖော်ပြမှာဖြစ်လို့..စာဖတ်သူတို့ နားမလည်တာထပ်ရှိနေရင်..မေးလို့ရပါတယ်နော်...။မေး - ထက်ကောင်းယံက သူ့ဘဝတစ်လျှောက်လုံး ဟန်ဇင်ခကိုအရမ်းမုန်းတီးနေပြီးမှ လွယ်လွယ်ပဲ အဲ့အမုန်းကိုမေ့ဖျောက်နိုင်ခဲ့တာလား..။
ဖြေ - မလွယ်ခဲ့ပါဘူး..။ထက်ကောင်းယံအတွက် သိပ်ကိုနာကျင်ခံစားခဲ့ရတာတွေရှိပါတယ်..။လင်းရောင်ခကို ချစ်မိသွားတဲ့နှလုံးသားကြောင့်သာ အမုန်းကိုဖျောက်နိုင်ခဲ့တာပါ...။အချစ်စစ်က ဘယ်လောက်စွမ်းအားကြီးကြောင်း ပြတဲ့သဘောပါ..။
မေး - နေမင်းခက ဟန်ဇင်ခကို တစ်ဖက်သက်သဘောကျနေခဲ့တာလား..။ဒါမှမဟုတ် အစ်ကိုလိုပဲ အချစ်ပိုနေခဲ့တာလား...။
ဖြေ - လေးစားအားကိုးရတဲ့အစ်ကိုက အရင်းအချာမဟုတ်မှန်းသိနေခဲ့တော့...မစွန့်လွှတ်နိုင်တဲ့ စိတ်ခံစားချက်ကို နေမင်းခက အချစ်လို့သတ်မှတ်နေခဲ့တာပါ..။တစ်ကယ်တမ်းတော့ လရောင်ခြယ်ဆီမှာပဲ အချစ်စစ်ကိုတွေ့ခဲ့တာပါ...။
မေး - ဘုန်းနေသော်က ထက်ကောင်းယံကို ချစ်ခဲ့တာလား..။
ဖြေ - ဒီအဖြစ်က နေမင်းခလိုပါပဲ...။ဘုန်းနေသော်က ဟန်ဇင်ခနှင့်တွေ့မှသာ တစ်ကယ့်အချစ်စစ်ကိုရှာတွေ့တာပါ..။
မေး - ဟန်ဇင်ခက ဘုန်းနေသော်ကို ချစ်ခဲ့ပါသလား...။
ဖြေ - မချစ်နိုင်ခဲ့ပါဘူး..။သော်တာကပဲ ဟန်ဇင်ခရဲ့တစ်ဦးတည်းသောအချစ်စစ်ပါ..။
မေး - ဟန်ဇင်ခက သော်တာ့ကိုတစ်ကယ်ချစ်တယ်ဆိုပြီး ဘုန်းနေသော်ကိုကျ ဘာကြောင့်မချစ်နိုင်ရတာလဲ..။
ဖြေ - ဟန်ဇင်ခဟာ တည်ကြည်ရင့်ကျက်ပြီး အရာရာကို လက်တွေ့ကျကျတွေးသူပါ..။သော်တာ့ကို သူနဲ့အဆင်ပြေဆုံးမိန်းကလေးအဖြစ်သတ်မှတ်ပြီး အတည်ချစ်ခဲ့ပေမယ့်...အရာအားလုံး ပြောင်းလဲသွားချိန်မှာတော့..သိပ်ကိုစိတ်ပျက်ခဲ့ရပါတယ်...။ဟန်ဇင်ခက လူယောက်ကို လွယ်လွယ်ချစ်တတ်တဲ့သူမျိုးမဟုတ်လို့ပါ..။ဘုန်းနေသော်ကိုလက်ခံပေးခဲ့ပေမယ့်လည်း...သော်တာ့လိုတော့ ခံစားချက်မတူခဲ့ပါဘူး...။ဘုန်းနေသော်ကိုယ်တိုင်ကလည်း..ကာရိုက်တာနှစ်ခုကြားမှာ သိပ်ကိုကွဲပြားနေလို့ပါ...။ဟန်ဇင်ခက သော်တာ့အပေါ်မှာလဲ အေးစက်စက်နိုင်ခဲ့တယ်ဆိုပေမယ့် သူ့အချစ်ကိုတစ်နည်းနည်းနဲ့ဖော်ပြခဲ့ပါတယ်...။ဘုန်းနေသော်အပေါ်မှာတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး...။
မေး - ဇာတ်သိမ်းပိုင်းမှာ ဟန်ဇင်ခက ဘုန်းနေသော်ဆီကို ချစ်လို့ပြန်သွားခဲ့တာမဟုတ်ဘူးလား...။
ဖြေ - မဟုတ်ပါ..။ဟန်ဇင်ခဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ထင်ရပေမယ့်..သူချစ်တဲ့သူတွေကိုတော့ မနာကျင်စေချင်ပါဘူး..။တာဝန်အပြည့်ယူပြီး စောင့်ရှောက်တတ်ပါတယ်..။ဘုန်းနေသော်ဆီကိုပြန်သွားရခြင်းက...သူချစ်တဲ့သော်တာကို နာကျင်အောင်လုပ်မိပြီဆိုတဲ့ စိတ်ကြောင့် ပြင်ဆင်ဖို့ တောင်းပန်ခဲ့တာပါ...။ဒါကို ဘုန်းနေသော်က ကောင်းကောင်းကြီးသိနေခဲ့လို့ ဟန်ဇင်ခကိုလက်လွှတ်လိုက်ခြင်းပါ...။
မေး - ဘုန်းနေသော်ကဟန်ဇင်ခကို မချစ်နိုင်တော့လို့ မင်းရဲမာန်ကိုရွေးလိုက်တာလား...။
ဖြေ - လုံးဝမဟုတ်ပါ..။ဘုန်းနေသော်ဟာ ဟန်ဇင်ခကိုနောက်ဆုံးထိချစ်သွားမဲ့သူမျိုးပါ..။
ဇာတ်သိမ်းမှာဖော်ပြခဲ့တဲ့..(ခင်ဗျားက တော့ ကျွန်တော့်ရဲ့ အမြဲတမ်း အချစ်စစ်လေးပါပဲ..) ဆိုတဲ့ စကားလေးက ဘုန်းနေသော်ရဲ့ အချစ်ကို ဖော်ပြလိုက်ခြင်းပါ..။
မင်းရဲမာန်ကိုရွေးရခြင်းကလည်း သူနဲ့အဆင်ပြေဆုံးလူက မင်းရဲမာန်တစ်ဦးတည်းသာ ဖြစ်နေခြင်းကြောင့်ရော...သူနဲ့ဆိုအဆင်ပြေတဲ့ဆက်ဆံရေးနဲ့အချစ်ခရီးလမ်းဖြောင့်မှာကို ဘုန်းနေသော်ယုံကြည့်လို့ပဲဖြစ်ပါတယ်...။မေး - မင်းရဲမာန်က ဟန်ဇင်ခအတွက် ဘုန်းနေသော်ကိုစွန့်လွှတ်ပြီးမှ ဘာလို့ပြန်ယူခဲ့တာလဲ..။
ဖြေ - မင်းရဲမာန်ဟာ ဘယ်တုန်းကမှ ဘယ်သူ့ကြောင့်မှ ဘုန်းနေသော်ကို စွန့်လွှတ်ခဲ့ခြင်းမဟုတ်ပါ..။ဘုန်းနေသော်ပျော်ရွှင်ရဖို့တစ်ခုတည်းအတွက်သာ ပေးဆပ်ခဲ့တာပါ..။ဇာတ်သိမ်းပိုင်းမှာ သူသိလိုက်တာက ဟန်ဇင်ခနဲ့ဆို ဘုန်းနေသော်မပျော်ရွှင်နိုင်ဘူးဆိုတာ သိလိုက်လို့ပါ..။
အားလုံးကို ကျေးဇူးတင်ပါတယ်နော်...။
စာဖတ်သူတို့အနေနဲ့ ငါတစ်ယောက်ထဲ မသိတာဖြစ်မယ်ဆိုတဲ့ စိတ်ကိုမဝင်ပါနဲ့..။မေးချင်တာကို မေးလို့ရပါတယ်...။
ဒီအာသာအတွက်တော့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက အရေးပါနေလို့ပါ......။
ကိုယ်နောက်ထပ် အကောင်းဆုံးကြိုးစားပြင်ဆင်ပြီးရင်..ပြန်တွေ့ချင်ပါသေးတယ်...ချစ်တယ်နော်အကုန်လုံး...♡♡♡♡♡
BẠN ĐANG ĐỌC
⚠BECAUSE...⁉ {U+Z} (Completed)
Lãng mạnဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............