Part 72 {Unicode☆☆}

134 8 19
                                    

"ဗျာ!!!... "

မင်းရဲမာန်၏အသံက အိမ်ထဲတွင် ဟိန်းထွက်သွားသည်....။
ရှေ့တွင် ဝမ်းနည်း​နေသည့်မျက်နှာဖြင့် ထိုင်​နေသည့် မိခင်ဖြစ်သူ ဒေါ်နန်းမာလာက​တော့ ခေါင်းငုံလျှက်ပင်....။

"အ​မေ...ဒါ..ဒါက ဘယ်လိုဖြစ်တာလဲ..ဘာစကားလဲ...အ​မေ့မှာ ကျွန်​တော့်အပြင် သားတစ်​ယောက်ရှိ​သေးတယ်ဆိုတာကြီးက....ဟာဗျာ..!!.."

ဒေါ်နန်းမာလာ အသက်ကို ရှူထုတ်လိုက်ပြီး.....နံရံထက်မှ ဓါတ်ပုံတစ်ပုံကိုကြည့်လိုက်သည်....။
ထိုဓါတ်ပုံထဲက အမျိုးသား​လေးက ဖြူနုပြီး ငယ်ရွယ်​ချော​မောလှသလို နွဲ့​နှောင်း​နှောင်းပုံစံရှိ၏ .....။

"အ​မေ သားကို အကုန်လုံး​ပြောပြပါရ​​စေ...."

မင်းရဲမာန် မျက်လုံးအဝိုင်းသားဖြင့် နား​ထောင်​နေလိုက်သည်.....။
ဒေါ်နန်းမာလာ နံရံ​ပေါ်မှ ကောင်​လေးပုံကို ညွှန်ပြရင်း.....

"ဒီဇာတ်လမ်းက..ဟောဒီပုံထဲက သားဦး​​လေး အမေ့​မောင်က​နေ စရမှာပဲ........."

○○○○○○○○○○○○○○○○○○

××××....လွန်ခဲ့​သော နှစ်၃၀​ကျော်ခန့်က....××××

"မမ​ရေ...အဟီး..ပျော်လိုက်တာ...မမ​ရေ လို့..."

လက်ထဲတွင် တောပန်း​လေး​တွေကိုင်ကာ ခုန်​ပေါက်​​ပြေးလွှားလာသည့်...အသက်၁၈ ၁၉ဝန်းကျင်အရွယ် နုနုဖက်ဖက် ကောင်​လေးတစ်​ယောက်...ပြုံး​ပျော်ကာဖြင့် အော်​ခေါ်​နေသည်...။

"အေး...စိုင်းသုတရေ..မမဒီမှာ..."

ခြေတံရှည် သစ်သားအိမ်က​လေး၏ အ​နောက်ဖက်မှ ထွက်​ပေါ်လာသည့်အသံပိုင်ရှင်အား...စိုင်းသုတ လှမ်းကြည့်ပြီး အိမ်​ပေါ်တက်သွားသည်....။
ရှမ်းပြည်နယ်တွင်းရှိ မြို့နှင့်နီးသည့် တောရွာက​လေးတစ်ရွာက စိမ်းစိုစိုဖြင့် လှပလှသည်....။လူသူ အနည်းငယ်စည်ကားသလို ရိုးသားနွမ်းပါးသည့် ရွာသူရွာသား​တွေကလည်းစည်းလုံးကြ၏....။

"မမ...ပျော်စရာကြီး သိလား..."

စိုင်းသုတ ထမင်းအိုးတည်​နေသည့် အစ်မဖြစ်သူ​ဘေးတွင်ကပ်ထိုင်ကာ ပြောလာသည်...။
ထင်းမီးကို ခပ်ပြင်းပြင်းထိုးရင်း...ချွေးစို့​နေသည့် နဖူးပြင်အား အင်္ကျီလက်​မောင်း၌ ကုန်းသုတ်လိုက်ပြီး...မောင်ဖြစ်သူကို အပြုံးဖြင့်ကြည့်လာသည့် ချော​မောလှပသည့် မိန်းမငယ်​လေးက နန်းမာလာဆို​​သော အမျိုးသမီး​လေး.....။

⚠BECAUSE...⁉   {U+Z} (Completed)Tempat cerita menjadi hidup. Temukan sekarang