ခန်းမအတွင်းရှိ စုံတွဲတို့တော့...မကြာခင်စတင်တော့မည့်ကပွဲအတွက် အဆင်သင့်ဖြစ်နေကြသည်......."အာ..ခြယ်..နင်ကမှာလား..."
"ဟင့်အင်း.."
ဇွဲသီဟ ၏ အမေးအား...လရောင်ခြယ် ခေါင်းခါရင်း ပြန်ဖြေလိုက်သည်....
"ဘာဟင့်အင်းလဲ..နင်အကဒီလောက်တော်တာ..ဘာလို့မကရမှာလဲ..နင်နဲ့ကဖို့လူမရှိလို့လား..မပူနဲ့...အာ...ကိုနေမင်းခ..."
ပြောပြောဆိုဆိုပင်..တစ်ဖက်မှာ ကောင်မလေးတစ်သိုက်နှင့်ရပ်နေသော နေမင်းခ အား လှမ်းခေါ်လိုက်သည်.....
"ဘာပြောမလို့လဲညီ..."
"ဒါ ကျွန်တော့်သူငယ်ချင်း လရောင်ခြယ်လေ..အစ်ကိုလဲ partnerမပါဘူးမို့လား...အဟဲ..ကျွန်တော့်သူငယ်ချင်းနဲ့အတူတူကပါလား...."
နေမင်းခ မဲ့ပြုံးတစ်ခု ဖြင့်..လရောင်ခြယ် အား ခြေဆုံးခေါင်းဆုံးကြည့်လိုက်ရင်း.....
"အဟက်...ကိုယ်နဲ့ကဖို့အတွက်..တစ်ခြားနတ်မိမယ်လေးတွေကလဲ စောင့်နေတာဆိုတော့....အင်းလေ..ထားပါတော့ ညီ ကစေချင်ရင် ကိုယ် ကပေးရမှာပေါ့...ဟုတ်တယ်မလား လရောင်ခြယ်..."
အထက်စီးဆန်စွာ..မောက်မာသောအကြည့်တွေဖြင့်...ခပ်ထေ့ထေ့ပြောနေသော နေမင်းခ အား...လရောင်ခြယ် ကတော့ ငြိမ်ခံနေမည်မဟုတ်...။လက်ကိုပိုက်လိုက်ရင်း..နေမင်းခ အား ခပ်ထေ့ထေ့ပြန်ကြည့်ကာ......
"အဟင်း..sorry ပါဇွဲ...ငါသူနဲ့ကဖို့ လုံးဝမဖြစ်နိုင်ဘူး....၊ကိုနေမင်းခ..sorryနော်...ရှင်ကမ်းလှမ်းတာကိုကျွန်မ ငြင်းတယ်..."
ပြောပြီး လှည့်ထွက်သွားသော လရောင်ခြယ် ကို ကြည့်ရင်း...နေမင်းခ မျက်ခုံးတို့ တွန့်ကွေးသွားသည်...။ဒေါသတွေဖြင့် ခံပြင်းနေမည့်...ညီဖြစ်သူ၏စိတ်ကိုသိ၍...ဟန်ဇင်ခ သက်ပြင်းချလိုက်ရင်း...နေမင်းခ ၏ ပခုံးပေါ်လက်တင်ကာ....
"Easy boy....ငါကတော့လေ...မင်းကိုငြင်းလိုက်တဲ့မိန်းကလေးကို ပထမဆုံးမြင်ဖူးတာပဲ...ဟားဟား..."
"ဟား..လှောင်တယ်လားကိုကြီး..ကြည့်နေလိုက်ပါ..သူကျွန်တော်နဲ့ပဲ ကစေရမယ်...၊ဒါနဲ့...ဟိုမှာသော်တာ..လာကိုကြီး...ကိုကြီးအလှည့်ပဲ..."
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............