အပိုင်း (၉) စောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်
**မင်းတို့အားလုံး သုံးစားမရဘူး**
ယဲ့ဖန်စကားကို ကြားပြီးနောက် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
**ဒီ သုံးစားမရတဲ့ တရားမဝင်သားက ကုန်းဝူကို နောက်တခါ ကျိန်ဆဲပြန်ပြီ**
**ဒီ...ဒီကောင် ရူးနေပြီထင်တယ်**
စက္ကန့်ပိုင်းအတွင်းမှာပင် အခန်းထဲရှိ သူများအားလုံး ယဲ့ဖန် ရူးသွားပြီဟု ထင်လိုက်ကြသည်။ သို့မဟုတ်ပါက ယဲ့မိသားစု၏ တရားမဝင်သားဖြစ်သောသူက ကုန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်မှ မွေးဖွားလာသော ကုန်းဝူလို သူမျိုးကို ကျိန်ဆဲရဲပါမည်နည်း။
ထိုအချိန်တွင် အားလုံးက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေကြသည်။
ယဲ့ဖန် မကောင်းတစ်ခုခု ဖြစ်တော့မည်ကို သူတို့ အတပ်သိနေသည်။
ယဲ့ဖန် ဒီတစ်ခါတော့ ပြေးမလွတ်တော့ပေ။
လူကြားထဲတွင် ယုဖေးသည် အတော်လေးဝမ်းသာဟန် ပေါ်နေသည်။
**ဟီးဟီး...ဒီ သုံးစားမရတဲ့ကောင်က အရူးပဲ။ သူ့နောက်မှာ ပိုင်ယီ ရှိနေတာနဲ့ပဲ ကုန်းဝူက သူ့ကို မရိုက်နှက်ရဲဘူးလို့ ထင်နေတာလား။ သူက သူ့သေတွင်းသူ တူးနေတာပဲ**
ယုဖေးက ယဲ့ဖန်ကို အရမ်းမုန်းတီးနေသည်။
သူမ ယဲ့ဖန်ကို စွန့်ပစ်လိုက်သည့်အခိုက်တွင် သူက ကျောင်းရဲ့နတ်သမီးလေးဖြစ်သော ပိုင်ယီ၏ နှလုံးသားကို အပိုင်သိမ်းသွားသည်။ ဒါက သူမကို ပါးရိုက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ အထူးသဖြင့် ကျောင်းပေါက်ဝတွင် ယဲ့ဖန်၏ လှောင်ပြောင်မှုကို ခံလိုက်ရသောကြောင့် ယုဖေး ဒေါသထွက်နေခြင်း ဖြစ်သည်။
ယဲ့ဖန် ဒုက္ခိတ ဖြစ်တော့မည်ကို တွေးမိပြီး သူမ ရယ်ချင်ပက်ကျိ ဖြစ်နေသည်။
ကျုံးချမ်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကုန်းဝူ၏ လူမိုက်များက ယဲ့ဖန်အား ရိုက်နှက်တော့မည့် မြင်ကွင်းကို မြင်ယောင်ရင်း သူ့မျက်လုံးတွင် မုန်းတီးမှုများ၊ စိတ်လှုပ်ရှားပျော်ရွှင်မှုများနှင့် ပြည့်နှက်လာသည်။ ထို့ကြောင့် သူ့တွင် ရက်စက်သောအမူအရာမျိုး ပေါ်လာသည်။
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...