Chapter 122

2.4K 200 9
                                    

စာစဉ် (9) Chapter (122) ဓား၏ စွမ်းအား

ဓားကျိုးတစ်လက်!

ဤဓားသည် ယခင်က ကျိုး၍ သံချေးတက် နေသော်လည်း ယခု အခါမှာတော့

အလွန် သွေးပျက်ဖွယ် ကောင်းသော ချီဓာတ်များကို လေထုထဲ ထုတ်လွှတ်လျက် ရှိနေ၏။

"စိတ်မကောင်းစရာပဲ၊ ငါက အခုထိ အားနည်းနေသေးတယ်၊ မဟုတ်လို့ကတော့ အခြေခံ သတ္တု ငါးမျိုးကို သုံးပြီး ဒီဓားကျိုးထဲမှာ တားမြစ် စနစ် တစ်ခု ထည့်သွင်းလို့ ရတယ်။ အဲ့ဒါဆို ဒီဓားက တကယ့် ရှားပါး ပစ္စည်း ဖြစ်လာမှာ"

ယဲ့ဖန် မချိတင်ကဲဖြင့် သက်ပြင်းချလိုက်မိသည်။

ထို့နောက် ထိုဓားကျိုးကို လက်က ကိုင်ပြီး မိုးမခင်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ တစ်ကိုယ်တည်း ပြောဆိုလိုက်သည်။

"ဒီ့ကောင့်အစွမ်းကို စမ်းကြည့်ရသေးတာပေါ့"

ယဲ့ဖန် အားရပါးရ ပြုံးကာ သူ၏ ကြောက်မက်ဖွယ် ကောင်းသော ချီများက ဓားကျိုးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

အက်ကွဲသံ တစ်ချို့နှင့်အတူ ဓားကျိုး၏ ချီဓာတ်က တစ်မဟုတ်ချင်း ပြောင်းလဲသွားလေတော့သည်။

သံချေးများ အကုန် ပျောက်ကွယ်သွားကာ နတ်ဆိုးချီများ၏ ဝန်းရံခြင်းကို ခံထားရသဖြင့် သေမင်း လက်နက် နှင့်တောင် ဆင်တူနေသေးသည်။

….

ယဲ့ဖန် အားကစားကွင်း၏ နံရံကို ဓားဖြင့် လှစ်ခနဲ လှမ်းခုတ်လိုက်သည်။

ထက်ရှသော ဓားက လေထုကို ဖြိုခွင်းလိုက်ပြီး အက်ကွဲသံနှင့်အတူ အင်္ဂတေ နံရံကြီးက နှစ်ခြမ်း ကွဲသွားလေတော့သည်။

ထို့နောက် ကျန်ရှိနေသော ဓား ချီဓာတ်များက ကျောင်းအဆောက်အဦး၏ နံရံကို သွားထိမှန်လေသည်။

ကျောင်းကြီး တစ်ခုလုံး တုန်ယင် သွားပြီး မှန်၊ မြေကြီးနှင့် ကျောက်တုံးများက နေရာ အနှံ့သို့ လွင့်ပျံ့သွားပြီး အဆောက်အဦး၌ အက်ရာကြီး ပေါ်လာလေသည်။

စာသင်ခန်း နံရံများသည်လည်း တစ်စစီ ဖြစ်သွားလေ၏။
ထို့ကြောင့် ဆရာမတစ်ယောက်နှင့် ကျောင်းသားတစ်စုအား ယဲ့ဖန် အားကစားကွင်းကနေတောင် မြင်နေရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora