Chapter 104

2.5K 251 3
                                    

#unicode
စာစဉ် (7) Chapter (104) တစ်ယောက်ယောက်ကတော့ သေချင်နေတာပဲ

ထိပ်ပြောင် အားဆန်!

သွေးစွန်းဓား!

မြွေပွေးအားချွမ်က မယုံနိုင်သော မျက်နှာထားဖြင့် စူးစူးဝါးဝါး အော်လိုက်သည်။

ကျန်းရှီမြူနီစီပယ် အကျဉ်းထောင်တွင် သူတို့သုံးယောက်သာ ဘော့စ်များ ဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ရန်မစဘဲ နေခဲ့ကြသည်။

*သူတို့က ဘာလို့ ငါ့ကို ဝိုင်းချတာလဲ?

မြွေပွေးအားချွမ် နားမလည်နိုင်တော့ပါ။

သူတစ်ယောက်တည်းသာ မကဘဲ သူ့နောက်လိုက်များပါ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
လူသစ်တစ်ယောက်ကို သင်ခန်းစာပေးခြင်းက ဘော့စ်နှစ်ယောက်ကို ရန်စသလို ဖြစ်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါ။

ထို့ပြင် နောက်ပိုင်းဖြစ်လာသည့် အဖြစ်အပျက်ကြောင့် မြွေပွေးအားချွမ်နှင့် သူ့လူများအားလုံး သေမတတ် ထိတ်လန့်သွားကြသည်။

ထိပ်ပြောင်အားဆန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဒူးတစ်ဘက်ထောက်ကာ နှုတ်ဆက်လိုက်သည်။

"အရိုအသေ ပေးပါတယ် သခင်ကြီး … ကျွန်တော်က ထိပ်ပြောင် အားဆန်ပါ၊ သံလက် ဝံပုလွေရိုင်းရဲ့ ငယ်သားပါ"

ထိပ်ပြောင်အားဆန်၏ စကားအဆုံးတွင် အခြား အကျဉ်းသားများက ဒူးတစ်ဘက်ထောက်၍ ယဲ့ဖန်ကို နှုတ်ဆက်ကြသည်။

*ဘာ*

မြွေပွေးအားချွမ် တအံ့တဩနှင့် သူ မြင်နေ၊ ကြားနေရတာကို မယုံနိုင်သလို ဖြစ်နေသည်။

*ထိပ်ပြောင် အားဆန်က ယဲ့ဖန်ကို သခင်ကြီးကို ခေါ်လိုက်တာလား*

*ဒါ… ဒါ အံ့ဩစရာပါလား*

သို့သော် ဤသည်ကား အစပင် ရှိသေးသည်။

ထိပ်ပြောင်အားဆန် ပြောပြီးနောက်တွင် ဓားကိုင်ထားသော လူငယ်လေးကလည်း ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ နှုတ်ဆက်လာသည်။

"အရိုအသေ ပေးပါတယ်၊ မစ္စတာယဲ့ … ကျွန်တော်က သွေးစွန်းဓားပါ၊ ရိုစ့်ရဲ့ လက်အောက်ငယ်သားပါ"

ငရဲမှလာသောသူ [Chapter 1 to 200]Dove le storie prendono vita. Scoprilo ora