Chapter 32

3.3K 384 1
                                    

#unicode

အပိုင်း(၃၂) အံ့ဩစရာပဲ

အား…အား…အား

စူးရှသော အော်သံနှင့်အတူ အားဆန်၏ ခြေထောက်တစ်ဘက် ကျိုးသွားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရိုးဖြူဖြူက အရေပြားကို ဖောက်ပြီး ငေါခနဲ ထွက်လာသည်။
ခြေတစ်ဘက်ထောက်၍ ဒူးထောက်ထားရင်း သူ
သွေး၊ချွေးတို့နှင့် ရွှဲနစ်နေသည်။

နာကျင်မှုကြောင့် အားဆန် တုန်ယင်နေသည်။ ထို့နောက် နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။

ခွပ်!

ယဲ့ဖန်က အားဆန်၏ နောက်ခြေထောက်တစ်ဘက်ကိုပါ ရိုက်ချိုးလိုက်သဖြင့် သူ့ဒူးနှစ်ဘက်လုံး ဒူးထောက်လျက်သား ဖြစ်သွားသည်။

အသည်းခိုက်မတတ် နာကျင်မှုကြောင့် အားဆန် သတိလစ်မတတ် ဖြစ်နေသည်။

"တောင်းပန်မလား၊ အသေခံမလား"

ယဲ့ဖန်၏ ငရဲမှလာသကဲ့သို့ ခက်ထန်သည့်အသံကြောင့် အားဆန် ကြောက်လန့်ကာ ဖိမ့်ဖိမ့်တုန်လာသည်။

*တောင်းပန်မလား၊ အသေခံမလား*

ထိုစကားမှတစ်ဆင့် ယဲ့ဖန်၏ ရက်စက်သော ချီဓာတ်ကို အားဆန် ခံစားမိသည်။

*သူ ငါ့ကို တကယ် သတ်ရဲတာပဲ*

အားဆန် ရှိသမျှ ဆံပင်မွှေးအားလုံး ထောင်သွားသလို ခံစားလိုက်ရသည်။ ယဲ့ဖန်ရှေ့တွင် သူက လက်တစ်ချောင်းတည်းနှင့် သတ်လိုက်လို့ရသည့် ပုရွတ်ဆိတ်လေးလိုပင်။

"ကျွန်…ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မှားသွားပါတယ်"

အားဆန် အချိန်မဆွဲရဲဘဲ မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ကို ဆက်တိုက် တောင်းပန်နေမိသည်။

သူ့အသံတွင် ကြောက်လန့်နေမှုများ ပါဝင်နေကာ နတ်ဆိုးတစ်ကောင်ကို ဖြောင့်ချက်ပေးနေသလိုပင်။

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က ခေါင်းတဆတ်ဆတ် ညိတ်ကာ တုတ်ကို နောက်တစ်ခါ ပင့်မလိုက်သည်။

ခွပ်! ခွပ်!

နောက်ထပ် ဆံပင်အဝါရောင်နှင့် ကောင်လေး တစ်ယောက်၏ ခြေထောက်တွေလည်း ကျိုးသွားလေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now