#unicode
စာစဉ် (8) Chapter (113) ရှစ်ယောက်မြောက်သူ
သူတို့ အရိုက်ခံရပြီး သေရမှာကို ကြောက်လာတဲ့အထိ ဆက်ရိုက်နေလိုက်။
ယဲ့ဖန်၏ လေသံက အရိုးအေးခဲမတတ် အေးစက်လှသည်။
သို့သော် သူ့စကားကို ကြားသည်နှင့် သူတောင်းစားငယ်လေး၏ မျက်ဝန်းက ချက်ချင်းဆိုသလို တလက်လက် တောက်ပလာသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
သူတောင်းစားငယ်လေးက မနည်းကြိုးစား၍ ကုန်းထကာ ယဲ့ဖန်ကို ခါးညွှတ်၍ အရိုအသေပေးလိုက်သည်။
"ကျွန်တော်နဲ့ ကျွန်တော့်အဘိုးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူက ညစ်ပတ်နေသော သံပြားလေးကို ယဲ့ဖန်အား ပေး၍ "အစ်ကိုကြီး အစ်ကိုကြီးရဲ့ ကူညီမှုအတွက် ကျွန်တော် ဘယ်လို ပြန်ပေးဆပ်ရမလဲ မသိပါဘူး။ ဒီသံပြားလေးက ကျွန်တော့်မှာ ရှိတဲ့ အဖိုးတန်ဆုံး အရားလေးပါ၊ ဒါလေးကို ကျွန်တော် အစ်ကိုကြီးကို လက်ဆောင်ပေးချင်ပါတယ်"
သံပြားလေးသည် ဖုန်မှုန့်များနှင့် ညစ်ပတ်နေသော်လည်း သူတောင်းစားငယ်လေး၏ မျက်လုံးထဲတွင် ရှာမှရှားသည့် အရာလေး ဖြစ်သည်။
ယဲ့ဖန် ကြောင်သွားပြီးမှ သူတောင်းစားငယ်လေး၏ မျှော်လင့်နေသော မျက်ဝန်းများကို ကြည့်ပြီး သူ့စေတနာကို မငြင်းရက်တော့ပေ။ သူပေးသည့် သံပြားလေးကို ယူ၍ အိတ်ထဲထည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်က ပိုက်ဆံတစ်ချို့ကို သူ့အိတ်ထဲမှ ယူ၍ သူတောင်းစားငယ်လေး၏ အိတ်ထဲသို့ တိတ်တိတ်လေး ထည့်ပေးလိုက်သည်။
သူတောင်းစားငယ်လေးကို လက်ပြနှုတ်ဆက်ကာ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
သူတောင်းစားငယ်လေးက ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
ယဲ့ဖန် ပျောက်သွားသည်နှင့် သူတောင်စားငယ်လေးက သူတောင်းစားအိုကြီးကို ကူ၍ ထူမပေးလိုက်သည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...