ငရဲမှ လာသောသူ
The Man from Hell
Author : Autumn Wind 133
ဘာသာပြန် Han Shinစာစဉ် (10)Chapter (150) မင်္ဂလာဆောင်! သတို့သမီး! ဈာပန ပစ္စည်းများ!
ဗလုံးဗထွေး အသံအချို့နှင့်အတူ ညအဖွဲ့သား ရှစ်ယောက်လုံး လဲကျသွားပြီး လင်းလန်၏ မျက်နှာလေးသည်လည်း အလွန်အမင်း မည်းမှောင်လို့လာသည်။
"ရှင်…ရှင် သူတို့ကို သတ်လိုက်တယ်"
လင်းလန်က လော့စစ်အား ဒေါသတကြီး စိုက်ကြည့်နေပြီး သူမမျက်ဝန်းအတွင်းတွင် မလိုမုန်းထားဟန်များ ပေါ်လွင်နေ၏။
သူမစကားကြောင့် လော့စစ်က လှောင်ပြုံးပြုံး၍
"ဟဟ…သူတို့က ပုရွတ်ဆိတ်သာသာ အဆင့်ပဲ ရှိတာပါ၊ မင်း သူတို့အတွက် သနားစရာမလိုပါဘူး"
ထိုသို့ ပြောပြီး လော့စစ်က လင်းလန်အား ပြီတီတီမျက်နှာပေးဖြင့် မကောင်းဆိုးဝါးဆန်သော အပြုံးမျိုး ပြုံးကာ အကြံပေးစကား ပြောလေသည်။
"ဟီးဟီး… ဥက္ကဋ္ဌလင်း မင်း ကိုယ့်အတွက်ကိုယ် ဂရုစိုက်တာက ပိုကောင်းမယ်ထင်တယ်နော်"
လင်းလန်၏ မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရသော သူမမိသားစုဝင်များကို တစ်ချက်ကြည့်ကာ သူမ လော့စစ်ကို ခပ်တန်းတန်း မေးလိုက်သည်။
"လော့စစ်… နင် ဘာလိုချင်တာလဲ?"
"ဟီးဟီး"
လော့စစ်က စားပွဲပေါ်မှ ကုန်းယွင်ဖေး၏ ကဗ္ဗည်းတိုင်ကို ကြည့်ကာ ခက်ထန် ရက်စက်သော အပြုံးမျိုးဖြင့် ပြောလာသည်။
"မင်းက ငါ့တူ ကုန်းယွင်ဖေးကို သတ်လိုက်မှတော့ မင်းကို ငါ့တူရဲ့ ကဗ္ဗည်းတိုင်နဲ့ လက်ထပ်စေချင်တာပဲ"
*ဘာ*
လင်းလန် အကြီးအကျယ် မျက်နှာပျက်လာသည်။ ထို့နောက် လော့စစ်က အေးတိအေးစက် မျက်နှာပေးဖြင့်
"ငါ မင်းနဲ့ ကုန်းယွင်ဖေးရဲ့ ကဗ္ဗည်းတိုင်တို့ရဲ့ မင်္ဂလာပွဲကို ကျင်းပမယ်၊ မကြုံစဖူး ထူးကဲလှတဲ့ မင်္ဂလာပွဲလေးပေါ့။ မင်းက ယွင်ဖေးရဲ့ သတို့သမီး ဖြစ်လာမယ်,၊ ပြီးရင် မင်းက သူ့ရဲ့ ဈာပန ပစ္စည်းဖြစ်လာမယ်"
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...