စာစဉ် (11) Chapter (156) အခု မင်းကို ငါ သတ်လို့ရပြီလား?
*ပြန်လည်ရှင်သန်ခြင်း နတ်ဆိုးနတ်ဘုရား*
*ပြန်လည်ရှင်သန်ခြင်းမန္တန်*
ယဲ့ဖန်၏ စကားများကို ကြားလိုက်ရသော ခြံဝန်းထဲရှိ ဧည့်သည်များသည် ပုံပြင်တစ်ပုဒ်ကို နားထောင်လိုက်ရသလို ခံစားလိုက်ရသည်။
*ငါတို့ ကမ္ဘာကြီးမှာ နတ်ဆိုးဆိုတာမျိုးက ဘယ်လိုလုပ် ရှိမှာလဲ၊ မန္တန်ဆို ပြောမနေနဲ့တော့၊ အဓိပ္ပာယ်မရှိလိုက်တာ*
ဧည့်သည်အားလုံးနီးပါးက ယဲ့ဖန် ရူးနေပြီဟု ထင်နေကြသည်။ သို့မဟုတ်ပါက သူ ဒီလို ပေါက်ကရတွေပြောမှ မဟုတ်ဟု တွေးနေကြသည်။
ဧည့်သည်များသာမက လော့စစ်ကိုယ်တိုင်ကိုက အရူးတစ်ယောက်ကို သူ မြင်နေရသည်ဟု ခံစားနေရသည်။
*သေသွားတဲ့လူတွေက ဘယ်တော့မှ ပြန်မရှင်လာနိုင်ဘူး*
*ဖေးချမ်၊ ဝံပုလွေရိုင်းနဲ့ သွေးစွန်းတစ္ဆေက သေသွားပြီလေ၊ ယဲ့ဖန်က သူတို့ကို ဘယ်လိုလုပ် အသက်ပြန်သွင်းနိုင်မှာလဲ?*
ထိုစဉ် ယဲ့ဖန်က ထူးဆန်းသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ အားလုံး သတိမထားလိုက်မိချိန်တွင် ခြံဝန်းအတွင်း လေပြင်းတိုက်ခတ်လာလေသည်။
အားလုံး၏ အံ့ဩနေသော အကြည့်အောက်တွင် ခြံဝန်းတစ်ခုလုံး အနက်ရောင်ချီဓာတ်များဖြင့် ယှက်သန်းလာလေသည်။
ထိုအနက်ရောင်ချီဓာတ်များသည် ငရဲမှ တိုက်ရိုက်ထွက်ပေါ်လာသကဲ့သို့ သေစေနိုင်လောက်သော ချီဓာတ်ဖြစ်ပုံရပြီး အလွန် မကောင်းဆိုးဝါးဆန်ကာ မနှစ်မြို့စရာ ကောင်းလှပေ၏။
….
ထိုစဉ် ထိုအနက်ရောင်ချီဓာတ်များက ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့၏ ဒဏ်ရာများထဲသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်သွားလေသည်။
နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် ခြံဝန်းထဲရှိ လူတိုင်း ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အလောင်းသုံးလောင်းထံမှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများကို သူတို့ကြားလိုက်ရသည်။ ထို့နောက် အလောင်းသုံးလောင်းတို့သည် ဓားကဲ့သို့ ထက်ရှပြီး သန်မာသော ချီဓာတ်များကို ထုတ်လွှတ်လာ၏။
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...