Chapter 116

2.4K 224 1
                                    

#unicode

စာစဥ် (8) Chapter (116) သနားစရာပဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာ

သရဖူအဖွဲ့မှ ထွက်လာပြီးနောက် ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းဆိုင်တန်းသို့ တန်း၍ ထွက်လာခဲ့သည်။

အန်းရှီ ပြန်ပေးဆွဲခံရပြီးနောက် သူ့နောက်လိုက်များနှင့် မိတ်ဆွေများအတွက် အရေးအပေါ်အခြေအနေများ ပေါ်လာခဲ့ပါက လိုရမယ်ရအနေဖြင့် အကာအကွယ် ပစ္စည်းများ လိုလာပြီ ဖြစ်ကြောင်း ယဲ့ဖန်သည် သတိပြုလိုက်မိသည်။

ရှေးဟောင်းပစ္စည်းဆိုင်တန်းတွင် လူများနှင့် ပြည့်နှက်နေသည်။

လမ်း၏ တစ်ဘက်တစ်ချက်ရှိ ဆိုင်များတွင် ထူးခြားဆန်းကြယ်သော ရှေးဟောင်းပစ္စည်း အမျိုးအစား အစုံအလင်ကို ခင်းကျင်း ပြသထား၏။

ပစ္စည်းများကို လှည့်လည် ရောင်းချသူများက သူတို့ပါးစပ် အာပေါက်မတတ် ရွှီးရွှမ်း၍ သူတို့ပစ္စည်းများကို လိုက်ရောင်းနေ၏။ အလွန် လှုပ်ရှားသက်ဝင်နေသော မြင်ကွင်းပင်။

လမ်းမပေါ်၌ ခပ်အေးအေး လျှောက်နေရင်း ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းများစွာကို သူ၏ ခရမ်းရောင် မျက်လုံးဖြင့် လိုက်ကြည့်နေသည်။

၉၉ ရာခိုင်နှုန်းသော ရှေးဟောင်းပစ္စည်းများက အတုများ ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။

၁ ရာခိုင်နှုန်းလောက်သာ အစစ်ဖြစ်သော်လည်း တစ်ခုမျှ ယဲ့ဖန်အတွက် အသုံးဝင်ခြင်း မရှိချေ။

လမ်းတစ်ဝက်လောက် လျှောက်လာပြီးနောက် ယဲ့ဖန် တဖြည်းဖြည်း စိတ်ပျက်လာသည်။

သို့သော်လည်း သူ ရှေ့ကိုသာ ဆက်၍ လျှောက်လာသည်။ ရုတ်တရက် သူ ရပ်လိုက်ကာ လမ်းဘေးဆိုင်ခန်းငယ် တစ်ခုကို စိုက်ကြည့်လိုက်မိသည်။

*ဟာ*

ယဲ့ဖန် စိတ်ဝင်တစား ဖြစ်သွားကာ ဆိုင်ထဲရှိ အစိမ်းရောင်လက်ကောက်လေးကို မျက်စိကျသွားသည်။

ထိုလက်ကောက်ထဲတွင် ကြမ်းတမ်းသော ချီဓာတ်အချို့ ခပ်ဖျော့ဖျော့ ပါဝင်နေသည်။

ယဲ့ဖန် ထိုလက်ကောက်လေးကို ကောက်ယူတော့မည်အချိန်တွင် အခြားလက်တစ်ဘက်က ဖျတ်ခနဲ ဝင်ယူသွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now