စာစဥ် (6) Chapter (90) ထူးဆန်းသော ရွှင်းအာ
"ဒါ.. ဒါငါလား?"
ရွှင်းအာက မှန်ကို တအံ့တဩ ကြည့်နေသည်။ မှန်ထဲတွင် နှင်းပွင့်လေးလို လှပသော မျက်နှာလေးတစ်ခုက ထင်ဟပ်နေ၏။
မွေးရာပါအမှတ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး သူမ၏ မွေးကင်းစကလေးသဖွယ် နူးညံ့ချောမွေ့သော အသားအရေလေးက ဝင်းနေသည်။
အနည်းငယ် ညစ်ပတ်ပေကျံနေသော်ငြားလည်း ဤသည်က သူမ၏ လှပသော မျက်နှာလေးကို ဖုံးကွယ်ရန် မစွမ်းနိုင်ပေ။
သူမ၏ နူးညံ့၍ ဖြောင့်တန်းနေသော နှာတံ၊ သူမ၏ နီဆွေးနေသော နှုတ်ခမ်းလေးကလည်း ဆွဲဆောင်မှု ရှိသည်။
သူမ၏ မျက်လုံးလေးများက ကြယ်တာရာအလား တဖျတ်ဖျတ် တောက်ပနေကာ ချစ်စရာကောင်းလှသည်။
ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတဲ့ ကလေးမလေးပါလိမ့်။
ခဏကြာသော် ရွှင်းအာ ထပ်မံ၍ ငိုကြွေးပြန်သည်။"ညီမရဲ့ မွေးရာပါအမှတ်က မရှိတော့ဘူး၊ ညီမက ရွံစရာကောင်းတဲ့ ရုပ်ဆိုးမလေး မဟုတ်တော့ဘူး"
ရွှင်းအာက ပြောရင်း ဆောင့်ကြောင့်ထိုင်ချကာ သူမ ကလေးဘဝကတည်းက ကြုံတွေ့လာရသည့် အခက်အခဲ၊ ပြဿနာများကို လွှတ်ချလိုက်သည့်အလား အားရပါးရ ငိုကြွေးနေသည်။
သူမ ဝမ်းနည်းပက်လက် ဖြစ်နေတာကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ မကောင်းသလို ဖြစ်လာသည်။
သည်ကလေးမလေး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရမှန်း သူ ခန့်မှန်းမိပါသည်။
အဆုံးအစမဲ့သော လှောင်ပြောင်မှုများ၊ အထင်သေးမှုများက သည်ကလေးအပေါ် ဝန်ထုပ်ဝန်ပိုး ကြီးစွာ ဖြစ်စေပြီး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့လာရသည်။
ယဲ့ဖန် ထိုင်ချလိုက်ပြီး သူမခေါင်းလေးကို ပုတ်၍ နှစ်သိမ့်သည့်သဘောဖြင့် ပြုံးပြလိုက်သည်။
"ကဲ… ကလေးမလေး… အခုချိန်ကစပြီး မင်းကို ဘယ်သူမှ လှောင်ပြောင်တော့မှာ မဟုတ်သလို ဘယ်သူမှလည်း ရွံသလို ဆက်ဆံတော့မှာ မဟုတ်ဘူး"
ŞİMDİ OKUDUĞUN
ငရဲမှလာသောသူ [Chapter 1 to 200]
Aksiyon#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...