#unicode
ငရဲမှလာသောသူ
စာစဉ်(၁) အပိုင်း(၁၈) ညနှင်းဆီ!**၈၀,၀၀၀ RMB ကိုဆုချတယ်**
**ဒီနေ့ကစပြီး သူမအရက်ကို အလကားသောက်ခွင့်ရမယ်**
**ဒါ မယုံနိုင်စရာပဲ**
ဘားကို လာကြသူများအားလုံး ဖေးချမ်ကို မနာလို၊အားကျစွာ ကြည့်နေကြသည်။
ညနှင်းဆီသည် ကျန်းရှီမြို့၏ နာမည်ကြီးဘားတစ်ခု ဖြစ်သည်၊ ကျန်းရှီမြို့၏ ထိပ်သီးပုဂ္ဂိုလ်များပင် သူမ၏အရက်ကို အလကားသောက်ခွင့် မရှိပေ။
သို့သော် ယဲ့ဖန်နှင့် ဖေးချမ်တို့ကတော့ မြို့ထဲရှိ ကံအကောင်းဆုံးလူသားများ ဖြစ်လာကြသည်။
ဒီသတင်းသာ လူသိရှင်ကြား ဖြစ်သွားလျင် တစ်မြို့လုံး အံ့အားသင့်သွားလောက်သည်။
ရိုစ့်စကားကြောင့် ချွီထောင်နှင့် မိန်းကလေးသုံးယောက် အတော်လေး နောင်တရသွားကြသည်။
"အ….အလကား…ဒီကောင်.."
ချွီထောင်၏ မျက်နှာ ဖြူစုတ်သွားကာ ယဲ့ဖန်နှင့် ဖေးချမ်အား မတရားအားကျသည့် အကြည့်ဖြင့် ကြည့်နေမိသည်။၏
ယဲ့ဖန် ရိုက်နှက်ခံရမည့်အစား ယခုလို အခွင့်ထူးရသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ချွီထောင် မနာလိုဖြစ်ကာ ရိုစ့်၏ မျက်နှာသာပေးခြင်း ခံရသူအဖြစ် ယဲ့ဖန်အစား သူသာလျင် ဖြစ်စေချင်တော့သည်။
ယွမ်လီ၊ ကျန်းဝေ့ဝေ့နှင့် ရှုချင်တို့လည်း လုံးဝမှင်တက်မိသွားသည်။
"တ…တကယ်လို့ ငါတို့သာ ဖေးချမ်နဲ့ ဆက်ဆံရေး မပြတ်စဲခဲ့ဘူးဆိုရင် ငါတို့လည်း ဒီမှာ အလကားသောက်ခွင့်ရမှာပဲ"
ယွမ်လီ၊ ကျန်းဝေ့ဝေ့နှင့် ရှုချင်တို့ အရမ်းနောင်တရသွားကြသည်။ သူတို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်တောင် ပေါက်နေသည်။ ဒီလို အခွင့်ထူးမျိုး ရမယ်မှန်းသာ သိခဲ့လျင် သူတို့ ယဲ့ဖန်အား လှောင်ပြောင်သရော်မှာ မဟုတ်သလို ဖေးချမ်နဲ့လည်း ဆက်ဆံရေးပြတ်စဲခဲ့မှာ မဟုတ်ပေ။
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...