Chapter 55

2.9K 361 4
                                    

#unicode
စာစဉ် (4) Chapter (55) ကျေးဇူးပြုပြီး ကျုပ်အဖေကို ကယ်ပေးပါ, ယဲ့ဖန်!

မာစတာလင် ထွက်သွားသည်နှင့် အားလုံး စိတ်တည်ငြိမ်လာကြသည်။

လူတော်တော်များများက ယဲ့ဖန်၏ လက်မှတ်ရဖို့နှင့် ဓာတ်ပုံတွဲရိုက်ခွင့်ရရန် ကြိုးစားနေကြသေးသည်။

ယဲ့ဖန်သည် စားသောက်ဆိုင်၌ စူပါစတားတစ်ယောက် ဖြစ်လာလေသည်။

သူ့လက်မှတ် လိုချင်သည့် နောက်ဆုံးဧည်သည့်အဖွဲ့ ထွက်သွားတော့မှသာ ယဲ့ဖန် သက်ပြင်းချမိသည်။

"ဟက်…ဒါ စန္ဒရားလေး တီးရုံပဲကို…ဘာမှလည်း မဟုတ်ဘဲနဲ့" လီကျစ်ချမ်းက အထင်သေးစွာ ပြောလိုက်သည်။

သူ့မသိစိတ်ကနေ ယဲ့ဖန်ကို ကျိတ်၍ အားကျနေသော်လည်း ယဲ့ဖန်သည် အမဲသားတောင် ကောင်းကောင်းမွန်မွန် မစားတတ်သည့်၊ လူတွေ၏ လေးစားမှုကို မခံယူထိုက်သည့် တောသားပင် ဖြစ်သည်။

သို့သော် သူ့စကားကို ဖန့်ယင်းနှင့် ချင်ရွှယ်တို့က မကြားချင်ယောင်ဆောင်ကာ ယဲ့ဖန်ကိုသာ ကြည့်နေကြသည်။

"ယဲ့ဖန်… ရှင်က နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေနိုင်တယ်လို့ ဖန့်ယင်းက ပြောတယ်၊ အဲ့ဒါ အမှန်ပဲလား?"

ချင်ရွှယ်က ယဲ့ဖန်အား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

အရင်တစ်ခါ ဖန့်ယင်း သူမဆီ ဖုန်းဆက်ကာ နတ်ဆိုးခြင်အကြောင်း မေးရာမှ ယဲ့ဖန်က ဖန့်ယင်း၏ တင်ပါးကို ရိုက်ကာ အဆိပ်ဖြေပေးခဲ့သည့်အကြောင်း ချင်ရွှယ် သိလိုက်ရသည်။ ထို့ကြောင့် ချင်ရွှယ်က အဆိပ်ဖြေသည့်နည်းလမ်းကို သိချင်နေသည်။

ကျန်းရှီမြူနီစီပယ်လူထု ဆေးရုံ၏ ဥက္ကဋ္ဌဖြစ်သည့်အားလျော်စွာ ချင်ရွှယ်သည် နတ်ဆိုးခြင်၏ အဆိပ် ကူးစက်ထားသော လူနာများကြောင့် ဖိအားများနေခဲ့သည်။ အဆိပ်ဖြေဆေးရှိသည်ဟု သိလိုက်ရသည်နှင့် သူမ တက်ကြွလာသည်။

*နတ်ဆိုးခြင်?*

ယဲ့ဖန် ချင်ရွှယ်ကို စိုက်ကြည့်ရင်း တွေဝေနေသည်။ ယဲ့ဖန်၏ တွေဝေနေပုံကြောင့် ဖန့်ယင်းက ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now