စာစဉ် (10) Chapter (140) သူ့ကို ပြန်ဖိတ်ခေါ်လာခဲ့!
ဘားထဲ၌ လေထုဖိအားက ရုတ်ချည်း ကျဆင်းလာသလို ခံစားရသည်။ အနက်ရောင် ချီဓာတ်များက ဘားအတွင်း ပျံ့နှံ့လာသည်။
ကြမ်းပြင်ပေါ်မှ အလောင်းသုံးလောင်းကို ကြည့်ပြီး လူတိုင်း အပြင်းအထန် ရင်တုန်လာကြသည်။
ဘား၏ဘော့စ်ဖြစ်သူ၊ လူအနည်းငယ်လောက်သာ အာခံရဲသည့် ဆံဖြူသည် သူ့နယ်မြေအတွင်းမှာပင် ဟိတ်ဟန်ထုတ်နေဆဲမှာပဲ သေသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပါ။
သူ ခေါင်းဖြတ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
…
ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့် ထိပ်သီးပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့် လူမိုက်များ အပြင် အခြားသူများ အားလုံး မှင်တက်သွားကြသည်။
*စွမ်းအားကြီးတယ်*
*သူက လုံးဝကို ထိပ်တန်းစွမ်းအားပိုင်ရှင်ပဲ ဖြစ်ရမယ်*
ယဲ့ဖန် ဘယ်တုန်းက ဘယ်လို တိုက်ကွက်ထုတ်လိုက်သလဲဆိုတာကို မည်သူမျှ မမြင်လိုက်ကြပါ။
*ဒါနတ်ဆိုးတိုက်ကွက်ပဲ ဖြစ်မယ်*
*သူက ကြောက်ဖို့ကောင်းလွန်းတယ်*
တုန်တုန်ယင်ယင် ဖြစ်နေသော ထိပ်သီးပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့် လူတို့သည် ဤမျှ ရက်စက်သည့် သူမျို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပါ။
တစ်ချိန်တည်းမှာပဲ သူတို့နဖူးမှ ချွေးများ တဒီးဒီးကျလာပြီး ယဲ့ဖန်ကို ကြည့်နေရင်း မျက်ခုံးတလှုပ်လှုပ် ဖြစ်လာကြသည်။
သို့သော် ယဲ့ဖန်က သူတို့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ပါ။
"သွားကြစို့"
ကူးယွီကို ပြောပြီး ယဲ့ဖန်က ဘားထဲမှ ခပ်အေးအေးနှင့် ထွက်လာသည်။ သူတို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနက်ရောင်ဝတ်စုံနှင့် လူများက မြွေပွေးနှင့် ကင်းမြှီးကောက်တို့ကို ရှောင်ရှားနေသကဲ့သို့ ဘေးသို့ ရှဲသွားကြသည်။
ကြောက်လန့်၍ တွေဝေနေသော အကြည့်များနှင့် မည်သူမျှ သူတို့ကို မတားရဲ။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...