Chapter 38

3.3K 389 1
                                    

#unicode

ငရဲမှလာသောသူ
အပိုင်း (၃၈) ဘယ်တုန်းကမှ မလုပ်ခဲ့သင့်ဘူး

"လေးစားပါတယ် မစ္စတာယဲ့!"

ထိုကျယ်လောင်သောအသံကြောင့် အခန်းထဲမှ သူများအားလုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ရှုဖေးတို့အဖွဲ့က နေရာမှာတင် တောင့်ခနဲဖြစ်နေကာ မယုံနိုင်သော အမူအရာများ ဖြစ်နေကြသည်။

*ငါ… ငါ အိပ်မက်မက်နေတာလား?*

ရှုဖေး သူ့ကိုယ်သူ အားနှင့်ဆွဲဆိတ်ပြီးနောက် တုန်ယင်သွားသည်။

သို့သော်လည်း သရဖူဟိုတယ်မှ ဝန်ထမ်းများက ယဲ့ဖန်ကို အရိုအသေပေးနေဆဲ ဖြစ်သည်။

ရှုဖေးပုံစံက သရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေပေသည်။ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့သည်လည်း မျက်လုံးအပြူးသား ဖြစ်နေပေ၏။

အစောပိုင်းတုန်းက သရဖူဟိုတယ်၏ ရာထူးကြီးပုဂ္ဂိုလ်များက ယဲ့ဖန်ကို ရက်ရက်စက်စက် လုပ်တော့မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့ပင်မယ့် သူတို့က ယဲ့ဖန်ကို အရိုအသေ ပေးနေကြသည်တဲ့လား။

*မ… မဖြစ်နိုင်ဘူး*

အန်းရှီတောင်မှ ခဏမျှ ကြောင်သွားပြီးနောက် မျက်လုံးများက တဖျက်ဖျက်တောက်ပလာသည်။

"ယဲ့ဖန်…"

သူမကို ဖက်ထားသော ယဲ့ဖန်ကို အန်းရှီ ကြည့်နေမိသည်။
အခြားသူများ ကြောင်အနေစဉ် ဝန်ထမ်းခေါင်းဆောင် ဖြစ်ပုံရသည့် သက်လတ်ပိုင်းအရွယ် လူကြီးက အရိုအသေပေးပြီး ယဲ့ဖန်အား black card ပြန်ပေးလိုက်သည်။

"ဒီအညတရလူကြီးနာမည်က ဝေ့ဖန်းလို့ ခေါ်ပါတယ်။ သရဖူဟိုတယ်ရဲ့ အထွေထွေမန်နေဂျာပါ။ မစ္စတာယဲ့ ရောက်နေမှန်း ကျွန်တော် မသိလိုက်လို့ပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ Emperor card ကို ပြန်ယူပေးပါ"

သူ့စကားကို ကြားပြီး ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ သွေးပျက်သွားကြသည်။

*ဝေ့ဖန်း?*

*သူပဲ*

သူ့နာမည်ကို ကြားပြီး ရှုဖေးတို့အုပ်စု ပို၍ သွေးပျက်လာကြသည်။ ဒီလူကြီးက သရဖူဟိုတယ်၏ ရာထူးအကြီးဆုံးသူ ဖြစ်ပြီး ဟိုတယ်အုပ်ချုပ်သူလည်း ဖြစ်သည်။ ကျန်းရှီမြို့တွင်လည်း သူက နာမည်ကြီးလှပေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now