Chapter 69

2.7K 309 1
                                    

#unicode

စာစဥ် (5) Chapter (69) သူ..သူ ဘယ်လိုလုပ်လိုက်တာလဲ!

*ကျုပ် ခင်ဗျားကို တစ်ကွက်တည်းနဲ့ မှောက်သိပ်လိုက်လို့ရတယ်!*

ယဲ့ဖန်၏ အပြောကြောင့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေပြီးမှ ပွက်လောရိုက်သွားသည်။

"ဘုရားရေ…သူ ဘာပြောလိုက်တာ? အဲ့ကောင် တော်တော် စိတ်ကြီးဝင်နေတာပဲ။ သူ သေချင်နေပြီနဲ့ တူပါရဲ့"

"မင်း တော်တော် အကြောက်တရား ကင်းတာပဲ။ စန်းပျောင် တရုတ်ပြည်တောင်ပိုင်းမှာ နာမည်ကြီးနေတုန်းက သူ သဲတွေနဲ့ ကစားနေတုန်းပဲ ရှိဦးမှာကို"

"ဟုတ်ပါ့ကွာ..အဲ့ကောင်တော့ သေပြီပဲ။ သူ စန်းပျောင်ကို သွားမဆွသင့်ဘူး"

"….."

ထိုစဉ် အခန်းထဲမှ လူပေါ်ကြော့ သူဌေးသားများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

"အဲ့လူက တရားမဝင် MMA ပြိုင်ပွဲက သူလေ…သူက တရုတ်ပြည်တောင်ပိုင်းက မြို့ ၁၇မြို့က လာတဲ့ ပြိုင်ဘက်တွေကို သတ်ပစ်ခဲ့တာ"

*ဒါပေမယ့် ယဲ့ဖန်ကတော့ ငယ်ပြီးတော့ ပိန်ပိန်လေး။ သူ ဘယ်လိုလုပ် စန်းပျောင်ကို တစ်ကွက်တည်းနဲ့ နိုင်အောင် တိုက်နိုင်ပါ့မလဲ? ဒါ လုံးဝ မဖြစ်နိုင်တာကြီးကို"

အခြားသူများသာမက ထောင့်နားမှ ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကပါ ယဲ့ဖန်၏ စကားကြောင့် မသိမသာ ပြုံးသွားသည်။

"ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်တဲ့ လူတွေက အမြဲ မကြောက်တတ်ပါလား? အဲ့ကောင်လေး စန်းပျောင်ရဲ့ တိုက်ကွက် ၃ကွက်ကို ခံယူနိုင်ဖို့ မဖြစ်နိုင်ဘူး"

သက်လတ်ပိုင်းအရွယ် လူကြီးက အထင်သေးစွာ ရယ်မောလိုက်သည်။

ထို့နောက် သူက ရန်ပွဲအား စိတ်မဝင်စားတော့ဘဲ ရန်ပွဲ၏ ရလဒ်ကို သိနေသည့်ဟန်ဖြင့် ဆက်မကြည့်ဘဲနေကာ သူ၏ အဖိုးတန်အရက်ကိုသာ ဆက်၍ သောက်နေတော့သည်။
စန်းပျောင် အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းတယ်…. တော်လိုက်တဲ့ကောင်ပါလား…. တရုတ်ပြည်တောင်ပိုင်း မြို့ ၁၇မြို့က တရားမဝင် MMA ကစားသမားတွေတောင် မင်းလောက် ဘဝင်မမြင့်ဘူး"

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora