#unicode
စာစဉ် (8) Chapter (114) သူ့ခြေလက်တွေကို ချိုးပစ်ပြီး သူ့ကို တွားသွားခိုင်းလိုက် ဟုတ်လား?ချက်ချင်းဆိုသလိုပင် ဆယ်ယောက်ထက်ကျော်သော ဝက်ဝံတစ်ကောင်ကဲ့သို့ ခွန်အားမျိုး ရှိပြီး ကျားကဲ့သို့ ကြမ်းကြုတ်သည့် ဆယ်ယောက်ထက်ကျော်သော လုံခြုံရေးဝန်ထမ်းများက ယဲ့ဖန် သရဖူအဖွဲ့ထဲသို့ ဝင်လိုက်သည်နှင့် သူ့ကို ဝိုင်းထားလိုက်သည်။
ယဲ့ဖန် အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
လုံခြုံရေးဝန်ထမ်းများကို ညွှန်ကြားလိုက်သော လူငယ်လေးကို မြင်လိုက်ပြီးနောက် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း အေးစက်လာသည်။
"ဟီးဟီး … မင်းကိုး"
လူငယ်လေးက ယဲ့ဖန်ထံသို့ အားပါးတရ ရယ်၍ ဖြည်းဖြည်းချင်း လျှောက်လာသည်။ အစောပိုင်းတုန်းက အဖြစ်အပျက်ကြောင့် သူ့လက်မောင်းကို ပတ်တီးစီးထားရသည်။
အနောက်တိုင်းဝတ်စုံနှင့် လည်သာဖိနပ်ကို ဝတ်ဆင်ထားသော သူသည် အလွန်ချောမောလှသည်။
သို့သော် သူ့လက်ဖျံကို ပတ်တီးဖြင့် တင်းနေအောင် စည်းထားပြီး ထိုနေရာမှ သွေးစသွေးနလေးတောင် ထွက်နေသည်။
သူသည် ခုနလေးတင် သူတောင်းစားငယ်လေးကို ရိုက်နှက်နေသော လူငယ်လေးပင် ဖြစ်သည်။
"ဟေ့ကောင် မင်းက နိဗ္ဗာန်ကို သွားတဲ့လမ်းပေါ် ရောက်နေပင်မယ့် အခုတော့ နောက်ပြန်လှည့်ပြီး ငရဲကို လာတဲ့လမ်းကို ရွေးမိသွားတာပဲ"
လူငယ်လေးက ယဲ့ဖန်ကို လှောင်၍ ပြောလိုက်သည်။ ထိုစဉ် သူ၏ ကျိုးသွားသော လက်မောင်းမှ ဆစ်ခနဲ နာကျင်လာသဖြင့် သူ့မျက်လုံး၌ အမုန်းတရားက ပို၍ နက်ရှိုင်းစွာ ပေါ်လွင်လာသည်။
သူ့လက်မောင်းက ယဲ့ဖန် ကန်လိုက်သောကြောင့် ကျိုးသွားခြင်း ဖြစ်သည်။
သူ ထွက်မလာခင် ယဲ့ဖန်က သူရှိရာဘက်ကို လျှောက်သွားရင်း ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူ ပျော်ရွှင်သွားသည်။
လူငယ်လေးကို ကြည့်ပြီး ယဲ့ဖန်က မျက်မှောင်ကို ကြုတ်၍ မေးလိုက်သည်။
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...