#unicode
စာစဉ် (6) Chapter (76) လူနှစ်ယောက်အတွက် ခေါက်ဆွဲကြော်တစ်ပွဲ!မွန်းတည့်ချိန် ကုန်ခါနီးလောက်တွင် ယဲ့ဖန်သည် အလယ်တန်းကျောင်း၏ အားကစားကွင်းတွင်းရှိ မိုးမခပင်ပေါ်တွင် လှဲနေ၏။ နတ်ဆိုးမျက်လုံးမှ နတ်ဆိုးချီဓာတ်များကို စုပ်ယူပြီး ယဲ့ဖန်၏ ကိုယ်တွင်း၌ နတ်ဆိုးခွန်အားများ အဖြစ်သို့ ပြောင်းလဲနေသည်။
မိုးမခပင်ပေါ်တွင် အေးအေးဆေးဆေး လှဲနေရင်း သူ့ဘာသာသူ ပျော်ရွှင်နေစဉ် ရုတ်တရက် ဖုန်းထမြည်လာသည်။
ယဲ့ဖန် ဖုန်းထုတ်ကြည့်လိုက်သောအခါ သူ မသိသော နံပါတ်တစ်ခု ဖြစ်နေသည်။
သူ ဖုန်းကိုင်လိုက်သောအခါ မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် သူ တွေဝေသွားသည်။
"သူမက ဘာလို့ ငါ့ဆီ ဖုန်းဆက်တာလဲ?"
မျက်မှောင်ကြုတ်လျက် ယဲ့ဖန် ချက်ချင်း မိုးမခပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ ကျောင်းပေါက်ဝသို့ ထွက်လာခဲ့သည်။
သူ ကျောင်းပေါက်ဝမှ ထွက်လာသည်နှင့် လမ်းတစ်ဘက်တွင် Porsche တံဆိပ် ကားအမျိုးအစား တစ်စီး ရပ်ထားပြီး လှပသော မိန်းမပျိုလေးတစ်ယောက်က ကားဘေးတွင် တွေဝေစွာ ရပ်နေသည်။
သူမ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် သူ ရင်ဖိုလာသည်။
လေတိုက်လာသောအခါ သူမ၏ ဆံနွယ်များက လေယူရာ ယိမ်းနွဲ့လှုပ်ရှားလာလေသည်။
သူမ၏ ဆွတ်ဆွတ်ဖြူနေသော အသားအရေနှင့် ဆွဲမက်ဖွယ်ကိုယ်ခန္ဓာတို့ကြောင့် သူမသည် နတ်သမီးလေးအလား လှပလှလေသည်။
ထို့ပြင် သူမသည် အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသည်။
လှလိုက်သည့်မိန်းကလေး!
ထိုစဉ် မိန်းမပျိုလေးထံမှ မျက်ရည်နှစ်စက် စီးကျလာပြီး ထိုမျက်ရည်က လေနှင့်အတူ မြေကြီးပေါ်သို့ ဝေ့ကာဝဲကာ ကျသွားသည်။ အသည်းဘဝင်ခိုက်ဖွယ်ကောင်းလှသည့် ပန်းချီကားတစ်ချပ်လိုပါပဲလား။
ယဲ့ဖန် ငေးငိုင်နေမိသည်။
"ယဲ့… ယဲ့ဖန်"
ŞİMDİ OKUDUĞUN
ငရဲမှလာသောသူ [Chapter 1 to 200]
Aksiyon#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...