စာစဉ် (6) Chapter (83) မင်း ငါ့ကို သင့်တော်တဲ့ ဖြေရှင်းချက်မျိုး မပေးနိုင်ဘူးလား?
ဖြောင်း!
ပါးရိုက်သံက ကျယ်လောင်လှလေသည်။ သူ့သွားတစ်ဝက်လောက် ကျွတ်ထွက်သွားသလို သူကိုယ်တိုင် လွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။
သူ့မျက်နှာပေါ်မှာ နာကျင်မှုကြောင့် သူ ငူငိုင်ငိုင်ကြီး ဖြစ်နေသည်။
"မင်း… မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့?"
ဒါရိုက်တာဝူ မယုံနိုင်သလို ဖြစ်နေသည်။ ဆေးရုံ၏ တာဝန်ခံဆရာဝန် ဖြစ်သောကြောင့် သာမန်လူများက သူ့ကို အမြဲ တလေးတစားနှင့် ဆက်ဆံကြသည်။ သို့သော် ဒီကောင်လေးက သူ့ကို ရိုက်လိုက်သည်တဲ့လား။
"ခင်ဗျားကို ရိုက်တယ် ဟုတ်လား? မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ"
ယဲ့ဖန်က လက်တခါခါနှင့် အင်မတန် ခေါင်းမာသော မျက်နှာထားဖြင့် "ကျုပ်က ခင်ဗျား ဘယ်လောက် အရှက်မရှိလဲဆိုတာကို စမ်းကြည့်ရုံလေးပါ"
ထို့နောက် နောက်တစ်ခါ ပါးရိုက်လိုက်သံကို ကြားလိုက်ရပြန်သည်။
ဖြောင်း!
သည်တစ်ခါတော့ ဒါရိုက်တာဝူ၏ ညာဘက်ပါး အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ယဲ့ဖန်က ဒါရိုက်တာဝူက ဘယ်ပြန်ညာပြန် ဆက်တိုက် ပါးရိုက်နေသည်။
ဖြောင်း! ဖြောင်း! ဖြောင်း!
ဒါရိုက်တာဝူခမျာမှာတော့ ဆက်တိုက်ပါးရိုက်ခံနေရရင်း နာကျင်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်နှာတစ်ပြင်လုံး နီရဲလာကာ ဝက်ခေါင်းကဲ့သို့ ယောင်ယမ်းကာ သွေးများဖြင့် ပေကျံနေသည်။
ထို့နောက် ယဲ့ဖန်က သူ့လက်သူ ပြန်ပွတ်ကာ ပခုံးတွန့်၍ ခပ်တည်တည်နှင့် ပြောလိုက်သည်။
"ကျုပ် ထင်တာ မှားနေတဲ့ပုံပဲ၊ ခင်ဗျားက အရှက်မရှိတာမဟုတ်ဘဲ တော်တော့်ကို စောက်ရှက်မရှိတာပဲ"
*ချီးပဲ*
ဒါရိုက်တာဝူ ဒေါသထွက်သွားသည်။ ဒီသူကောင်းသားက သူ့ကို ပါးရိုက်ကာ ကျိန်ဆဲရဲလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပါ။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...