Chapter 138

2.3K 201 1
                                    

စာစဉ် (10) Chapter (138) မင်း ဒီအရက်ခွက်ကို ယူသွားလို့ရတယ်၊ ဒါပေမယ့် မင်းခေါင်းကိုတော့ ဒီမှာ ထားခဲ့!

*သူ သောက်လိုက်တယ်*

ယဲ့ဖန် တစ်ကျိုက်တည်း ကောက်မော့လိုက်သည်ကို ကြည့်ပြီး စားပွဲထိုးများနှင့် အခြားသူများ တွေဝေသွားကြသည်။

တစ်ခွက်လုံးကို ယဲ့ဖန် ခဏလေးအတွင်း သောက်လိုက်နိုင်မည်ဟု သူတို့ ထင်မထားမိကြ။

သူသောက်လိုက်သော အရက်ပြင်းက ဆင်တစ်ကောင်လုံးကိုတောင် မူးဝေသွားစေလောက်သည်။

လူတိုင်းက ယဲ့ဖန်ကို စိတ်ဝင်တစားကြည့်နေကြသည်။ သူ ဘယ်တော့ သတိလစ်သွားမလဲကို သိချင်နေကြ၏။

"ငါးမိနစ်ပဲ၊ ငါ လောင်းရဲတယ် သူ ငါးမိနစ်အတွင်း ပြိုလဲသွားလိမ့်မယ်"

"အဓိပ္ပာယ် မရှိလိုက်တာ၊ သုံးမိနစ်က အလွန်ဆုံးပဲ၊ အဲ့အရက်ပြင်းက ဆင်ကိုတောင် မှောက်သွားနိုင်စေတဲ့ဟာကို"

"ဟွန့် … အလွန်ဆုံး တစ်မိနစ်လောက်ပဲ၊ သူက အရမ်းငယ်လွန်းသေးတယ်၊ သူ ကြာကြာ တောင့်ခံနိုင်မယ် မထင်ဘူး"

စားပွဲထိုးနှင့် ဘေးရှိဖောက်သည်များက ယဲ့ဖန် ဘယ်လောက် ခံနိုင်ရည်ရှိမလဲကို ဆွေးနွေးနေကြသည်။

သို့သော်လည်း ယဲ့ဖန်က သူတို့ကို လျစ်လျူရှုလို့ထားသည်။ အနည်းငယ် တွေဝေနေဟန်နှင့် သူ့မျက်လုံးများတွင် အတိတ်ကို ပြန်လည် အမှတ်ရနေသည့် ပုံများ ပေါ်လွင်နေသည်၊ ဤအရက်ပြင်း၏ ပျစ်ပျစ်နှစ်နှစ်ရှိလှသော အရသာကြောင့် ယဲ့ဖန်သည် နတ်ဆိုးဂြိုလ်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။

နတ်ဆိုးဂြိုလ်သည် သူ၏ အိမ်။

ထိုနေရာရှိ နတ်ဆိုးများသည် သူ၏ ညီအစ်ကိုများ ဖြစ်သည်။

နတ်ဆိုးနှင့် နတ်ဘုရားများကြား ဖြစ်ပွားသည့် စစ်ပွဲသည် နှစ်ပေါင်း ၁၀,၀၀၀ တောင် ကြာခဲ့ပြီ။

တိုက်ပွဲတစ်ခါ ပြီးသွားတိုင်း နတ်ဆိုးများက သူတို့၏ ဒဏ်ရာများကို ကုသခြင်း မပြုဘဲ အရက်ပြင်းများကိုသာ သောက်ကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now