Chapter 57

2.8K 353 1
                                    

#unicode
စာစဥ် (4) Chapter (57) ကျေးဇူးပြုပြီး ငါ့ကို မင်းတပည့်အဖြစ် လက်ခံပေးပါ!

ဖြောင်း!

ပါးရိုက်သံက ရှင်းလင်း၍ ကျယ်လောင်လှသည်။

ယဲ့ဖန်က သေခါနီး အဘိုးအိုကို ပါးရိုက်၍ လှောင်ပြောင်လိုက်မည်ဟု သူတို့ မထင်ထားခဲ့။

"ခွေးကောင်"

ပိုင်ကန်းတစ်ယောက် ဒေါသတကြီးနှင့် ယဲ့ဖန်ကို ထိုးရန် ပြေးထွက်လာသည်။

သို့သော် ယဲ့ဖန် ကန်တာကိုသာ သူ ခံလိုက်ရသည်။

ဘန်း!

ပိုင်ကန်း နံရံဆီသို့ လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ် ပြန်ကျလာကာ သွေးအန်သွားသည်။

"မင်းအဘိုးကို သေစေချင်ရင်တော့ ဆက်လုပ်လို့ရတယ်" ယဲ့ဖန်က ပိုင်ကန်း၏မျက်လုံးကို ဒဲ့ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

*ဘာ!*

ပိုင်ကန်း ကြောင်သွားသည်။

*ဒီကောင် ဘာပြောချင်တာလဲ?*

*သူက ငါ့အဖိုးမျက်နှာကို ရိုက်ပြီး ကုနေတာလား?*

*မဖြစ်နိုင်ဘူး!*

ပိုင်ကန်းသာမက အခြားသူများပါ ယဲ့ဖန်အပြောကြောင့် အံ့အားသင့်သွားသည်။

အထူးသဖြင့် ယဲ့ဖန်ကို ဆူပူလိုက်သည့် ဆရာဝန်ကြီးက တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေသည်။

"အဓိပ္ပာယ်မရှိလိုက်တာ! မဖြစ်နိုင်ဘူး! ဟိုးအရင်ခေတ်တွေကတည်းက လူနာကို ပါးရိုက်ပြီး ဆေးကုတယ်လို့ မကြားဖူးပါဘူး။ မင်း သက်သက်မဲ့ ကမြင်းပြီး လူအိုကြီးရဲ့ ခန္ဓာကိုယ်ကို နှိပ်စက်နေတာပဲ"

ဆရာဝန်ကြီးက ပိုင်ကျန်းခို့အား "မစ္စတာပိုင်..ခင်ဗျား ဘာလို့ ဒီကောင်လေးကို မဆင်မခြင် ပြုမူဖို့ ခွင့်ပြုပေးထားရတာလဲ?"

ဆရာဝန်ကြီးရဲ့ အမေးကြောင့် ပိုင်ကျန်းခို့ မျက်နှာ ပြာနှမ်းသွားသည်။ သူသည်လည်း ယဲ့ဖန်က အဘိုးအိုကို ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါ။

ပိုင်ကျန်းခို့၏ ချီတုံချတုံဖြစ်နေသော မျက်နှာကို ကြည့်ပြီး ယဲ့ဖန်က အသာ လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now