ငရဲမှလာသောသူ
အပိုင်း (၂၀) လေလုံးထွားတာ ဟုတ်၊မဟုတ်?**ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်… ကျုပ်ညီရှေ့ ဒူးထောက်ပြီး သူ့ကို တောင်းပန်လိုက် ဒါမှမဟုတ် သူ့ရှေ့ ဒူးထောက်ပြီး သတ်သေလိုက်**
ယဲ့ဖန် ပြောလိုက်သည့်စကားကြောင့် ဘားတစ်ခုလုံး တိတ်ကျသွားသည်။
လူတိုင်းနီးပါး သူတို့ နားကြားမှားသည်ဟုတောင် ထင်မိကြသည်။
တစ်စုံတစ်ယောက်က ဝံပုလွေရိုင်းကို (ရှေ့အခန်းတွေမှာ ကြမ်းတမ်းသော ဝံပုလွေလို့ သုံးခဲ့ပါတယ်..အခု ဒီနာမည်ပဲ ပြောင်းသုံးပါမယ်) ဒူးထောက်ပြီး သူတို့ညီအတွက် တောင်းပန်ခိုင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဒုတိယရွေးချယ်ခွင့်ဖြစ်သည့် ဒူးထောက်ပြီး သတ်သေလိုက်ဆိုသည်ကြောင့် သူတို့ ပို၍ထိတ်လန့်သွားကြသည်။
**ဒါ...ဒါ ရူးနေလို့ပဲ**
ထို့နောက် ဘားတစ်ခုလုံး ဆူညံပွတ်လောရိုက်သွားသည်။
"ဘုရားရေ...သူ ဘာပြောလိုက်တာလဲ...သူက ဝံပုလွေရိုင်းကို သူ့ညီရှေ့ ဒူးထောက်ခိုင်းပြီးတော့ တောင်းပန်ခိုင်းတယ်!!! ရူးနေတာလား"
"F***....ဒီကောင် စိတ်ကူးယဥ်နေတာလား...ဘယ်လိုလုပ်ပြီး သူက ဝံပုလွေရိုင်းကို တောင်းပန်ခိုင်းရတာလဲ...သောက်ရူး"
"စောက်ရူး...ဒီကောင်က စောက်ရူးပဲ....ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
.....
အားလုံးက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။ သူတို့အမြင်တွင် ယဲ့ဖန်က အရူးတစ်ယောက်ပင် ဖြစ်သည်။
"ကျားဘုရင်ကိုတောင် ဝံပုလွေရိုင်းက အနိုင်ပိုင်းလိုက်တာ...ဒီကောင်က ဝံပုလွေရိုင်းကို ဒီလိုပြောနေမှတော့ သေတော့မှာပဲ"
ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့ ယဲ့ဖန်စကားကြောင့် မှင်တက်မိသွားသည်။
ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို တွေးမိပြီး ချွီထောင် ရယ်ချင်မိသွားသည်။
**ဟားဟား...ဘယ်လောက်တောင် ရူးသွပ်လိုက်လဲ... ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်... သူက လုံးဝကို ဂြိုဟ်ဆိုးပဲ... ဟားဟား... သူတော့ သေပြီပဲ**
ŞİMDİ OKUDUĞUN
ငရဲမှလာသောသူ [Chapter 1 to 200]
Aksiyon#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...