ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123စာစဉ် (13) Chapter (187) မင်း…မင်းက နတ်ဆိုးပဲ
ဆရာသခင်များ၏ မူလ သလင်းကျောက်သည် ဆရာသခင် တစ်ယောက် ဖြစ်ခြင်း၏ သင်္ကေတပင် ဖြစ်သည်။
ကြယ်သုံးလုံး အဆင့်တစ်ယောက်က ပြင်းထန်သော တိုက်ပွဲဝင် ချီဓာတ်များ ထုတ်လွှတ်နိုင်သည့် အခိုက်တွင် သူ သို့မဟုတ် သူမသည် ဆရာသခင် တစ်ပိုင်းအဆင့်သို့ ချိုးဖျက်ကာ တက်ရောက်သွားနိုင်သည်။
ဆရာသခင် တစ်ပိုင်းအဆင့်က သူ၏ အတွင်းအား ချီဓာတ်ကို အရည်အဖြစ်သို့ ပြောင်းလဲအောင် လုပ်နိုင်ပြီး သူ သို့မဟုတ် သူမ၏ နဖူးသို့ ရွှေ့ပြောင်းနိုင်ပါက သူ သို့မဟုတ် သူမသည် ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ တက်ရောက်သွားနိုင်ပေလိမ့်မည်။
လူသန်ကြီးကို ဥပမာ ပြ၍ ပြောရလျင် သူ၏ သန်မာသော တိုက်ပွဲဝင် ခွန်အားနှင့် ချီဓာတ်တို့သည် သူ့နဖူး အလယ်တည့်တည့်ရှိ အရည် ချီဓာတ်မှ မြစ်ဖျားခံ လာခြင်း ဖြစ်သည်။
ဆရာသခင် ဖြစ်ခါနီးအဆင့်မှ လူတစ်ယောက်က အရည် ချီအရင်းအမြစ်အား သိပ်သည်းအောင် လုပ်၍ မူလ သလင်းကျောက်အဖြစ် ဖန်တီးနိုင်လျင် သူ သို့မဟုတ် သူမသည် ဆရာသခင်အဆင့်သို့ တက်ရောက်သွားနိုင်ပေသည်။
ဆရာသခင်များ၏ မူလသလင်းကျောက်သည် ဆရာသခင်များ၏ ဗဟိုချက် ဖြစ်သည်ဟုလည်း ဆိုနိုင်သေးသည်။
သို့သော် လီကျိုးယောင်က သူ့နဖူးအလယ်တည့်တည့်မှ မူလ သလင်းကျောက်အား ရက်ရက်စက်စက် ခွဲ၍ ထုတ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။
….
ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်မိသွားသည်။ သူတို့အားလုံး လီကျိုးယောင်လက်ထဲမှ သလင်းကျောက်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။
ဒါက ဆရာသခင်တစ်ယောက်၏ အခြေခံ အုတ်မြစ်ပဲလေ။
လီကျိုးယောင်က ယဲ့ဖန်အား သတ်နိုင်ရန် သူ၏ ဆရာသခင်အဆင့် ကျင့်စဉ် အခြေခံအား စွန့်လွှတ်လိုက်မှန်း သိသာလှသည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...