#unicode
ငရဲမှလာသောသူ
Chapter (၃၇) ဒေါသထွက်နေသော အန်းရှီ
စားပွဲထိုးမလေး black card ကိုကိုင်ပြီး အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ရင်း အားလုံး နေရာမှာတင် တောင့်ခနဲ ဖြစ်နေကြသည်။
အဲ့ကဒ်က ဘာလဲ၊ ဘာအတွက် သုံးတာလဲဆိုတာကို သူတို့ မသိပါ။
*သူမက ဘာလို့ အဲ့ဒါကို မန်နေဂျာဆီ ယူသွားတာလဲ?*
ရှုဖေး မျက်မှောင်ကြုတ်ကာ သံသယဝင်လာသည်။ *အဲ့ black card မှာ အထူးတလည် အသုံးဝင်တဲ့နေရာများ ရှိနေတာလား?*
ရှုဖေး ထိုအတွေးကို ပယ်လိုက်သည်။ သူ အရင်ကတည်းက ယဲ့ဖန်အကြောင်း ကြားဖူးပါသည်။ ယဲ့ဖန်က ယဲ့မိသားစု၏ နာမည်မရသော စွန့်ပစ်ခံ တရားမဝင်သားမှန်း သူ သိပါသည်။
သူ့မှာ ပိုက်ဆံဆိုလို့ ၁၀၀ RMB ထက်တောင် ပိုမရှိတာကို ဘယ်လိုလုပ် အဲ့black card မှာ အထူးတလည် အသုံးဝင်တဲ့နေရာများ ရှိနေမှာလဲ?
သူသာမက ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ ယောင်ချာချာ ဖြစ်နေကြသည်။
"ယဲ့ဖန်… အဲ့ black card ကဘာလဲဟင်?" ရှောင်မိန် ဇဝေဇဝါဖြင့် မေးလိုက်သည်။
ရှောင်မိန်၏ အမေးကြောင့် အားလုံး၏ အကြည့်တွေက ယဲ့ဖန်ဆီ ရောက်လာကာ ယဲ့ဖန် ပြန်ဖြေသည်ကို စောင့်နေကြသည်။
သို့သော် ယဲ့ဖန်က ခေါင်းကို အသာခါကာ ပခုံးတွန့်ပြီး ပြန်ပြောလိုက်သည်။
"ငါလည်း မသိဘူး"
*ဘာရယ်*
*ဒီကောင်က သူ့ကဒ်ကိုတောင် သူ မသိဘူးလား?*
အားလုံး ဆွံ့အသွားကြသည်။ ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ပြိုင်တူ သက်ပြင်းချလိုက်မိသည်။
*ယဲ့ဖန်တောင် အဲ့ကဒ်က ဘာကဒ်မှန်း မသိဘူးဆိုတော့ ဘာမှ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုလောက်ပါဘူး*
ရှောင်မိန်က ရွဲ့တဲ့တဲ့ ပြောလိုက်သည်။"ယဲ့ဖန်… အဲ့ကဒ်က discount card လား ကြော်ငြာကဒ်လား? နင် အဲ့လောက် ချွေတာတတ်မှန်း ငါ မသိခဲ့ဘူး"
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...