Chapter 185

1.9K 180 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (185) ကျုပ် ခင်ဗျားကို အရောက်ပို့ပေးရသေးတာပေါ့

ရွှစ်! ရွှစ်! ရွှစ်!

သေစေနိုင်သော တိုက်ကွက်များက ယဲ့ဖန်အား မိုးစက်များကဲ့သို့ ဖုံးလွှမ်းသွားသည်။

ဒါဇင်နှင့်ချီသော တိုက်ကွက်များ စုစည်းလိုက်သောအခါ အလွန် အားကောင်း၍ ကြမ်းကြုတ် ရက်စက်လှသည်။

သို့သော် ယဲ့ဖန်ကတော့ ထိုတိုက်ခိုက်မှုကို လျစ်လျူရှုထားသည်။ ထို့အပြင် သူက ဓားကို လက်မှာဆွဲ၍ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

သူ ဖြည်းဖြည်းချင်း လျှောက်နေသော်လည်း သူသည် သူတို့နားသို့ မျက်တောင် တစ်ခတ်အတွင်း ရောက်ရှိလာသည်။

ဘန်း! ဘန်း! ဘန်း!

တိုက်ကွက်များက ယဲ့ဖန်အား လာရောက် ထိမှန်သဖြင့် အုံးခနဲ အသံကျယ်များ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်က နည်းနည်းလေးမှ ရှောင်ဖယ်ခြင်း မရှိဘဲ ထိုတိုက်ကွက်များအား တိုက်ရိုက် ထိမှန်လာစေရန် ခွင့်ပြုလို့ထားသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကြည့်ရှုနေသူများ ငြိမ်ကုပ်သွားသည်။ လီကျိုးယောင်တောင်မှ မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်လာသည်။

သူတောင်မှ ဒါဇင်နှင့်ချီသော တိုက်ကွက်များကို တောင့်မခံနိုင်မှန်း သူ သိနေသည်။

မြေဆီလွှာများနှင့် ကွဲကြေသွားသော ကျောက်တုံးများက နေရာအနှံ့ လွင့်စဉ်သွားသဖြင့် တိုက်ပွဲ၏ မြင်ကွင်းအား ဝေဝါးသွားစေသည်။

"သူသေသွားပြီလား"

ရှန့်ကျန်းအင်အားစုများက အလွန် သိချင်စိတ်များနှင့် ပြည့်နှက်နေကြပြီး ဖုန်တောထဲသို့ စိုက်ကြည့်နေကြသည်။

"မဟုတ်ဘူး သူ အသက်ရှင်နေသေးတယ်ဟ"

ထိုစဉ် ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်က အော်ဟစ်ပြောဆိုပြီး မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်ရန် ပြင်လိုက်သည်။

ရုတ်တရက် ဂျွတ်ခနဲ အသံနှင့်အတူ အဖြူနှင့် အနက် ချီမျှင်တန်းများက ဖုန်ထုထဲမှ ထွက်လာပြီး သူ့ကို ဆုပ်ကိုင်ကာ မြွေပွေးကဲ့သို့ ရစ်ပတ်လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Tahanan ng mga kuwento. Tumuklas ngayon