ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123စာစဉ် (13) Chapter (193) နှာဘူးတစ်ကောင်
Class 2, Senior 1 တွင် ထိပ်ပြောင်ပြောင်နှင့် ဆရာတစ်ယောက် ပါးစပ် အမြှုပ်တစီစီ ထကာ သင်တန်းစာ သင်ပေးနေသည်။
အတန်းထဲမှ ကျောင်းသား တစ်ဝက်လောက်က အိပ်ငိုက်နေကြသည်။ ထိုစဉ် အသံထက် မြန်သော ပေါက်ကွဲသံ တစ်သံ ကျောင်းဝင်းတစ်ဝိုက် ပျံ့နှံ့လို့လာသည်။
စာသင်ခန်း တံခါးက တစ်စစီ ကျိုးပဲ့သွားကာ လျှပ်ခနဲ မီးလက်သွားသည်။
အသံကျယ်ကြီးကြောင့် နိုးလာသော ကျောင်းသာများနှင့် ဆရာတို့ အံ့ဩသွားကြသည်။
ဘာတွေ ဖြစ်နေသလဲ ဘယ်သူမှ မသိကြ။ သို့သော် သည်လောက်နှင့် မပြီးသေး။
အလင်းရောင် တစ်ခုက အခန်းတွင်း ခေါက်တုံ့ခေါက်ပြန် သွားနေသည်။
လှပသော ကျောင်းသူလေးတစ်ယောက် ထိုင်ခုံမှာတင် ငေးငိုင်သွားသည်။
အလင်းရောင်က ထိုင်ခုံနား လှစ်ခနဲ ဖြတ်သွားပြီးနောက် ထိုင်ခုံသည် နှစ်ပိုင်း ပြတ်သွားလေတော့သည်။
ကျောင်းသူလေးသည်လည်း ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားတော့သည်။
"ဘုရားရေ … ပန်းရောင်လေးဟ"
အပျော်အပါးမက်သော အသံတစ်သံ ထွက်လာသည်။
ထိုကျောင်းသူလေးသည် တစ်ခဏမျှ ငေးမောသွားသော်လည်း ဘာကို ဆိုလိုမှန်း ရိပ်မိသွားသည်နှင့် သူမ မျက်နှာလေးက ချက်ချင်းဆိုသလို နီမြန်းလာတော့သည်။
ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ကာ သူမ အခန်းတစ်ဝိုက်ကို ဝေ့ကြည့်ပြီး အသံပိုင်ရှင်ကို လိုက်ရှာမိသည်။
သို့သော် သူမ ဘယ်သူ့ကိုမှ မတွေ့။
သို့သော် ဤသည်ကား အစပင် ရှိသေးသည်။ နောက်ထပ် ကျောင်းသူလေး၏ ခုံက ဘေးကနေ သပ်သပ်ရပ်ရပ်ကို ကွဲထွက်သွားသည်။
ထိုစဉ် အပျော်အပါးမက်သော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။
"ဖြူစင်လိုက်တဲ့ ယုန်လေး၊ ငါ ကြိုက်တယ်၊ ဂတ်…ဂတ်…"
ထိုစဉ် အခန်းတစ်ခန်းလုံး ပွက်လောရိုက်သွားသည်။
ကျောင်းသူလေးများ၏ ခုံများ တစ်ခုံပြီး တစ်ခုံ ကျိုးသွားပြီး မဖွယ်မရာ အသံက ထပ်၍ ထပ်၍ ထွက်ပေါ်လာသည်။
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...