စာစဉ် (6)Chapter (87) မင်းကို သုံးကွက်အတွင်း သတ်ပြမယ်!
* ငါ့ညီကို ဒူးထောက်ပြီး တောင်းပန်မလား*
*ဒူးထောက်ပြီး အသေခံမလား*
ယဲ့ဖန်၏ စကားကြောင့် သုံးယောက်လုံး၏ မျက်နှာများ သုန်မှုန်လာကြသည်။
အထူးသဖြင့် ကော်စန်းက အလွန်ရက်စက်သည့် အကြည့်တို့ဖြင့် ကြည့်ကာ "ဟေ့ကောင်… မင်းက ပုရွတ်ဆိတ်တစ်ကောင်အတွက်နဲ့ ငါ့ကို သေစေချင်တယ်ပေါ့လေ"
ကော်စန်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေသည်။ သည်လို အရှက်မရှိသည့်စကားမျိုး မကြားရသည်မှာ သူ့အတွက် နှစ်အတော်ကြာပြီ ဖြစ်သည်။ သူ့ကို ဒီလိုဆက်ဆံသည့်အခါသူတိုင်း သူသတ်လို့ သေသွားကြတာချည်းပင်။
*ပုရွတ်ဆိတ်?*
ကော်စန်း၏ စကားကြောင့် ယဲ့ဖန်မျက်လုံးများက အေးစက်လာကာ "မင်းလည်း ပုရွတ်ဆိတ်ပဲ"ဟု ပြန်ပြောလိုက်သည်။
*သွားသေလိုက်*
ကော်စန်း ဒေါသထွက်လာပြီး သူ့မျက်လုံးမှ လူသတ်ချင်သည့် အရိပ်အငွေ့များ ဖြတ်ပြေးလာကာ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ထိုစဉ် စစ်ခုန်ကျင့်က ကော်စန်းကို လက်ပြ၍ ဟန့်တားလိုက်သည်။ ထို့နောက် သူမက ယဲ့ဖန်ကို အမိန့်ပေးသလို ပြောလာသည်။
"ယဲ့ဖန်… ရှင့်မှာ သူမတူတဲ့ ဆေးပညာစွမ်းရည်ရှိတိုင်း အခြားသူတွေကို လျစ်လျူရှုထားလို့ ရမယ်လို့ ထင်မနေနဲ့၊ ငါတို့က တရုတ်ပြည်မြောက်ပိုင်းက စစ်ခုန်ကပဲ၊ ငါတို့ကို ကလန်ကဆန်လုပ်ရင် ဖြစ်လာမယ့်ရလဒ်ကို သိလား?"
စစ်ခုန်ကျင့်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလာသည်။ အကယ်၍ ယဲ့ဖန်သာ သူမကို ပိုလှလာအောင် လုပ်နိုင်စွမ်း မရှိဘူးဆိုလျင် စစ်ခုန်ကျင့်တစ်ယောက် သည် အခြောက်တိုက် ဘဝင်မြင်နေတဲ့ကောင်ကို ကျိုးကန်းသွားစေရန် ကော်စန်းကို ပညာပြခိုင်းလိုက်ပြီ ဖြစ်သည်။
*ရလဒ်?*
ယဲ့ဖန် ခေါင်းကိုခါ၍ ရယ်ကာ ပြန်ပြောလိုက်သည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...