#unicode
စာစဥ် (7) Chapter (105) အဲ့ဒါကြောင့် မင်း သေသင့်တယ်ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်၏ နားနေခန်းတွင်..
ကျုံးဝေ့သည် ဆိုဖာပေါ်၌ ခြေတစ်ဘက်ချိတ်ထိုင်ကာ လက်ဖက်ရည်ကို ဇိမ်ပြေနပြေ နှပ်၍ သောက်နေသည်။
"ဟူး.. ငါတော့ ကံကောင်းတာပဲ။ ငါ့တူက အဲ့ကောင်စုတ်လေးကို သတ်ဖို့ ယွမ် ၃မီလီယံတောင် ပေးတယ်။ ဒါပေမယ့် မြွေပွေးအားချွမ်ကို အဲ့ကောင်ကို စာရင်းရှင်းခိုင်းဖို့ ယွမ် ၃သိန်းပဲ ပေးလိုက်ရတယ်။ ငါက ယွမ် ၂.၇ မီလီယံတောင် အမြတ်ရလိုက်တာပဲ"
ထို့သို့ ရေရွတ်ပြီးနောက် ကျုံးဝေ့က အားရပါးရ ပြုံးလိုက်သည်။
သူ နာရီကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ စောင့်နေရတာ တစ်နာရီမျှ ရှိနေမှန်း သိလိုက်ရသည်။
"အဲ့ကောင်တော့ သေနေလောက်ပြီ"
ကျုံးဝေ့က ဖုန်းထုတ်ကာ ကျုံးချမ်းအား သတင်းကောင်းပါးရန် ကြံလိုက်သည်။
ထိုစဉ် ဘန်းခနဲ အသံနှင့်အတူ နားနေခန်း၏ တံခါးကို အပြင်မှ ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
ကျုံးဝေ့ ကြောင်သွားပြီးမှ အော်ကြီးဟစ်ကျယ် ဆဲဆိုရန် ပြင်လိုက်သည်။ သို့သော် ထိုသို့ ကန်လိုက်သည့်သူ၏ မျက်နှာကို မြင်ပြီး ပါးစပ်ဖျားမှ စကားများကို မြိုသိပ်လိုက်ရသည်။
"ထောင်…ထောင်ပိုင်ကြီး ကျန်း?"
ကျုံးဝေ့ ပြာနှမ်းနေသော မျက်နှာဖြင့် ခပ်သုတ်သုတ် မတ်တပ်ထရပ်လိုက်သည်။
သူ့နှုတ်ဆက်သံကြောင့် ကျန်းထောင်၏ မျက်နှာက မည်းပြာလာကာ ကျုံးဝေ့ကို မေးလိုက်သည်။
"ကပ္ပတိန်ကျုံး ခင်ဗျား ဒီနေ့ ယဲ့ဖန် ဆိုတဲ့သူကို ဖမ်းခဲ့သလား?"
ကျုံးဝေ့ မှင်တက်နေပြီးမှ ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ အဲ့ကောင်က စိတ်အနှောင့်အယှက် လိုက်ပေးနေတယ်လို့ သံသယရှိတဲ့သူပါ။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို ဆင်းရဲသားရပ်ကွက်က ဖမ်းလာခဲ့တာပါ။ သူက ဒီအတိုင်း အသုံးမကျတဲ့ ဆင်းရဲသားပါ။ ဘာဖြစ်လို့လဲ? ထောင်ပိုင်ကြီးကျန်း ဘာပြဿနာများ ရှိလို့လဲဗျ?"
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
ŞİMDİ OKUDUĞUN
ငရဲမှလာသောသူ [Chapter 1 to 200]
Aksiyon#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...