Chapter 125

2.5K 197 2
                                    

စာစဉ် (9) Chapter (125) ဘုရင်မ နှလုံးသား!
စီးပွားရေး လုပ်ငန်းရှင်များ၏ ဝိုင်ပါတီအား ကျင့်ဟွားဟော်တယ်၏ အထူးခန်း၌ ကျင်းပလျက် ရှိသည်။ ဖိတ်စာ ရမှသာ ဤပွဲသို့ တက်ခွင့်ရှိပြီး နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များသာ ဖြစ်ကြသည်။
ထိုလုပ်ငန်းရှင်များသည် ဝိုင်ခွက်တစ်ခွက်စီ ကိုင်၍ အစုအဖွဲ့ကြီးများ ဖွဲ့၍ စကားပြောနေကြသည်။
ဤကဲ့သို့ ဝိုင်ပါတီသည် ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များအတွက် အဆက်အသွယ် ကောင်းများ၊ ရင်းနှီးမှုများ ထူထောင်နိုင်သော အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
"လီဟုန်… မင်း တကယ်ပြောနေတာလား? လင်းလန်မှာ အပျင်းပြေ ကစားဖို့ ကောင်လေး ရှိတယ် ဟုတ်လား?"
ထိုလူငယ်လေးကား မော့ကလန်မှ သခင်လေး မော့ထောင်ပင် ဖြစ်သည်။ ထိုစကား ပြောချိန်တွင် သူ့မျက်နှာက မည်းမှောင်နေပြီး မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။
သူ့ဘေးမှ ကလူမြူဆွယ် တတ်သော မိန်းကလေးသည် သူ၏ အစ်မဖြစ်သူ မော့လီဟုန်ပင် ဖြစ်သည်။
မော့လီဟုန်၏ မျက်နှာ၌ ဒဏ်ရာ ဒဏ်ချက်များ ရှိနေသေး သော်လည်း မိတ်ကပ် များများပင် ဖို့လို့ ထားသည်။ မှိန်ပျပျ မီးရောင် အောက်တွင် ထိုဒဏ်ရာများအား သတိထားမိရန် ခဲယဉ်းလှသည်။
သူမသည် နာကျည်းနေသော မျက်နှာနှင့် လှပသော မျက်လုံးများက စူးရှနေသည်။
"အမှန်ပဲ၊ ငါ သူတို့နဲ့ ဆုံခဲ့တာ၊ သူတို့ကြောင့် ငါ ဒီနေ့ အရိုက်ခံလိုက်ရတာ။ ဒါမော့ကလန်အတွက် လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ"
မော့လီဟုန်က ယဲ့ဖန်နှင့် လင်းလန်တို့အား လွန်စွာ မုန်းတီးလို့နေ၏။ ထို့နောက် သူမက မော့ထောင်ကို ကြည့်ကာ ပြောလိုက်သည်။
"ထောင်လေး… နင် မရူးမိုက်စမ်းပါနဲ့၊ ကုန်းယွင်ဖေး သေသွားပြီမို့ နင် လင်းလန်ကို ပိုးပန်းလို့ ရပြီလို့ ထင်နေတာလား? နားထောင်၊ သူမက ဒီအတိုင်း ခွေးမပဲ၊ သူ ဒီည သေကို သေရမယ်"
သူမ အလွန် မုန်းတီး နာကျည်းနေပုံ ရသည်။ ယဲ့ဖန်လို အထက်တန်းစား သူမျိုးနှင့် လင်းလန်က မထိုက်တန်ဟု သူမ ထင်နေမိသည်။ လင်းလန်ကြောင့် သူမ ရိုက်နှက်ခံရသည်ဟုတောင် သူမက ယူဆလိုက်သေးသည်။
ထို့ကြောင့် မော့လီဟုန်က သူမ၏ အမုန်းတရားများ အားလုံးကို လင်းလန် အပေါ် ပုံချလိုက်ခြင်းပင်။
သူမ၏ ဒေါသထွက် နာကျည်းနေသော မျက်နှာကြောင့် မော့ထောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"လီဟုန်… အေးဆေးလုပ်ပါဟ၊ ငါတို့ကလန် ကျန်းရှီမြို့ကို လာရတဲ့ အကြောင်းရင်းက လင်းအုပ်စုက ဖန်တီးလိုက်တဲ့ ပရိုဂရမ် အသစ်ကြောင့်လေ၊ ဈေး အသက်သာဆုံး ပြိုင်ကား ဖန်ဟိုစ့် ၁ ကြောင့်လေဗျာ၊ ကျွန်တော် လင်းလန်ရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်တာနဲ့ ကျွန်တော်တို့ ကလန်ကြီးက ဒီပရိုဂရမ်နဲ့အတူ အော်တိုကား ထုတ်လုပ်ရေး နယ်ပယ်ကို ကြီးစိုး သွားနိုင်တော့မှာလေ"
မော့ထောင်က အလွန် လှောင်ပြောင်သော လေသံနှင့် ဆက်ပြောလာသည်။
"ပြီးတော့ ကျွန်တော် နေမင်းကလန်နဲ့ ပူးပေါင်းထားပြီးပြီ၊ ကျွန်တော်တို့ သေချာပေါက် အောင်မြင်မှာပါ"
*နေမင်းကလန်*
ထိုနာမည်ကို ကြားသည်နှင့် မော့လီဟုန် ထိတ်လန့်တကြား မျက်ခုံး ပင့်မိသွားသည်။
ယဲ့ဖန်က သရဖူအဖွဲ့၏ ဥက္ကဋ္ဌဆိုတာကို သူမ မော့ထောင်အား မပြောမိခဲ့ပါ။ သူမက လင်းလန်‌ သေသည်ကိုသာ လိုလားနေခဲ့ခြင်း ဖြစ်သည်။
လင်းလန် သေသွားသည်နှင့် သူမက ကျန်းရှီမြို့၏ အလှဆုံး ဥက္ကဋ္ဌ ဖြစ်လာပေမည်။ ထို့ပြင် သူမ ယဲ့ဖန်ကိုလည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
မော့လီဟုန်က လူအုပ်ထဲမှ ယောကျ်ားတစ်ယောက်ကို ခေါင်းညိတ် ပြလိုက်သည်။ ထိုသူသည် သာမန် ရုပ်ရည်သာ ရှိပြီး အခန်းတွင်းမှ အခြားသူများ သူ့ကို သတိတောင် မထားမိပေ။
မော့လီဟုန်၏ အကြည့်များကို မြင်သည်နှင့် ထိုလူက ခေါင်းအသာညိတ်ပြပြီး လူအုပ်ကြားထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ကျွိခနဲ မြည်သံနှင့်အတူ အခန်းတံခါး ပွင့်လာပြီး ယဲ့ဖန်နှင့် လင်းလန်တို့ အထဲသို့ ဝင်လာကြသည်။
ယခုမှ ဝင်လာသည့်သူနှစ်ယောက်ကို ကြည့်နေကြသောကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ရွှေအိုရောင် ကောင်လေးနှင့် ကျောက်စိမ်း မိန်းမပျိုလေး!
အနောက်တိုင်းဝတ်စုံနှင့် ယဲ့ဖန်သည် မှောင်ရိပ်ထဲမှ ထွတ်လာသည့် တော်ဝင် မင်းသားတစ်ပါးကဲ့သို့ ကြော့မော့ တင့်တယ်လှ ပေသည်။
အဖြူရောင် စကပ်လေးနှင့် လင်းလန်သည် နတ်ပြတ်မှ ဆင်းသက်လာသည့် နတ်သမီးလေးကဲ့သို့ ဖြူစင် လှပလေ၏။
သူတို့နှစ်ယောက် ဝင်လာသည်ကို ကြည့်ပြီး ဧည့်သည်တော်တော်များများက အလွန် နတ်ဖက်သည့် စုံတွဲပါလားဟု တွေးလိုက်မိသည်။
"သူပါလား"
ယဲ့ဖန်ကို မြင်လိုက်သည်နှင့်‌ မော့ထောင် ချက်ချင်း ဒေါပွလာသည်။ ရှေးဟောင်း ပစ္စည်းဆိုင်တန်းတွင် ယဲ့ဖန်က သူ၏ ရှားပါးပစ္စည်းများကို လုယူ၍ ယွမ် ၁၀၀ မီလီယံကို လှည့်ဖြား၍ ရယူသွားခဲ့သည်။ ဒါကို မော့ထောင်က စိတ်ထဲ စွဲနေအောင် မှတ်ထားသည်။
သို့သော် သူက လင်းလန်၏ အပျင်းပြေ ကစားစရာ ကောင်လေး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
"ငါ့ခွင်ထဲ ရောက်လာပြီပေါ့…ခွေးမသားလေးရာ"
မော့ထောင်က ယဲ့ဖန်ကို အလွန် မုန်းတီးနေသည့်အတွက် သူ အံ့ကို တင်းနေအောင် ကြိတ်လိုက်မိသည်။
အသက်ကို ပြင်းပြင်း ရှူလိုက် ပြီးသော်လည်း သူ့ဒေါသ သူ ထိန်းရ ခက်နေသည်။ ထို့နောက် သူက အားရပါးရ ပြုံး၍ သူတို့စားပွဲ ရှိရာသို့ ထသွားလိုက်သည်။
"ဟားဟား… လန်လန် မင်း ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ? လာ… မင်းကို အပြစ်ပေးဖို့ ဝိုင်တစ်ခွက် သောက်ခိုင်းရမယ်"
မော့ထောင်က လင်းလန်နှင့် စကားပြောခွင့် ရရန် လင်းလန်ကို စကား စလိုက်သည်။
လင်းလန်က ရွံရှာသော မျက်နှာပေးနှင့် အေးစက်စက် ပြန်ပြောလိုက်သည်။
"သခင်လေးမော့ ကျေးဇူးပြုပြီး အနေအထိုင် ဆင်ခြင်ပေးပါ၊ ရှင် ကျွန်မကို လန်လန်လို့ မခေါ်သင့်ဘူး"

မော့ထောင် ပါးဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်ပြီး မျက်နှာပျက်သွားသည်။
သို့သော် သူက အရှက်မရှိစွာဖြင့် ယဲ့ဖန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
"လူငယ်လေး… မင်းပါ လာလိမ့်မယ်လို့ ငါ မသိလိုက်မိဘူး၊ ရှေးဟောင်း ပစ္စည်းဆိုင်တန်းမှာတုန်းက မင်း ငါ့ဆီက လိမ်ယူသွားတဲ့ ပိုက်ဆံတွေကို သုံးလို့မှ ကောင်းရဲ့လား?"
*ဘာ*
မော့ထောင်၏ စကားကြောင့် အားလုံး၏ မျက်ခုံးပင့်မိသွားသည်။
*သူက မော့ထောင်ဆီက ငွေတွေ လိမ်သွားတာလား?*
*သူက လူလိမ်လား?*
စက္ကန့်ပိုင်းအတွင်းမှာပင် လူတိုင်းက ယဲ့ဖန်အား စိုက်ကြည့်ကာ သည်လောက် ကျက်သရေ ရှိသည့် ယောကျ်ားက လူလိမ် ဖြစ်နေမည်ဟုလည်း သူတို့ ထင်မထားမိခဲ့ကြပါ။

မော့ထောင်က ယဲ့ဖန်ကို မှတ်မိသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လင်းလန်၏ လှပသော မျက်နှာလေးက နီမြန်းလို့သွားသည်။
လင်းလန် စကားစလိုက်မည့် အချိန်တွင် ယဲ့ဖန်က အသာပြုံး၍ လင်းလန်ကို ရင်ခွင်ထည့်ကာ ဆိုလိုက်သည်။
"သခင်လေးမော့ရေ… ခင်ဗျားရဲ့ ပိုက်ဆံတွေကြောင့် ခင်ဗျားကို ကျေးဇူး အထူး တင်သဗျာ၊ ကျုပ် ပျော်ပျော်ကြီး သုံးလိုက်ရပါတယ်၊ ကျုပ် လင်းလန်နှင့် လုပ်ခဲ့သမျှ ကိစ္စအားလုံးက ခင်ဗျားရဲ့ စပွန်ဆာ ပေးမှုကြောင့်ပဲလေ၊ အခန်းငှားခရော၊ ကွန်ဒုံးဝယ်ဖို့အတွက်ရော၊ ပြီးတော့ ကုတင်ပေါ်က ကစားစရာလေးတွေ အတွက်လည်း ပါတာပေါ့ဗျာ၊ ကျေးဇူးပါဗျာ၊ တကယ့်ကို ကျေးဇူးပါ"
ဖွီ!
သူ့စကားကြောင့် အခန်းထဲရှိ ဧည့်သည်များ သောက်လက်စ ဝိုင်တွေတောင် ထွေးထုတ်မိသည်။
* အခန်းငှားခ? ကွန်ဒုံးဝယ်ခ? ကုတင်ပေါ်က ကစားစရာလေးတွေ?*
*သေစမ်း… ဒီကောင် တော်တော် အရှက်မရှိတာပဲ*
ဧည့်သည်များအားလုံး မော့ထောင်ကို ဝိုင်းလို့ ကြည့်နေမိသည်။
ထင်သည့် အတိုင်းပင် မော့ထောင်၏ မျက်နှာက ပြာနှမ်းနေကာ မျက်လုံးများက မီးဝင်းဝင်း တောက်နေ၏။
သူ၏ အချစ် ပြိုင်ဘက် ကောင်က သူ၏ နတ်ဘုရား မလေးနှင့် အတူ  သူ့ပိုက်ဆံကို သုံးပြီး ဟိုတယ်အခန်းငှားသည်ကို ကြားလိုက်ရသဖြင့် သူ ဒေါသတကြီး ဖြစ်သွားသည်။
လင်းလန်၏ မျက်နှာလေးသည်လည်း နှင်းဆီသွေးရောင်ကဲ့သို့ နီမြန်းလာသည်။ ယဲ့ဖန်က မော့ထောင်ကို တမင် စိတ်တိုလာအောင် လုပ်နေမှန်း သူမ သိသော်လည်း သူမ သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
"ဟိုးဟိုး… လူငယ်လေး… မင်းက တော်တော် နောက်တတ်တာပဲ၊ ငါသိရသလောက်ဆို လင်းလန်က တစ်ကိုယ်တည်းသမားပါကွ၊ သူမမှာ ချစ်သူ လုံးဝ မရှိဘူး"
မော့ထောင်က အလွန် ဒေါသထွက်နေသော်လည်း သူ့မျက်နှာပေါ်မှာ ဒေါသ အရိပ်အယောင် ထင်ဟပ်မနေစေရန် ထိန်းလို့ထားသော်လည်း အသံက မာဆတ်ဆတ် ဖြစ်နေ၏။
ရုတ်တရက် အခန်းထဲမှ မီးရောင်က မှိန်သွားကာ သာယာ ညိမ့်ညောင်းသည့် တေးသံ ထွက်ပေါ်လာသည်။
ထို့နောက် အားလုံး၏ နားဝေတိမ်တောင် ဖြစ်နေသော အကြည့်များ အောက်တွင် မော့ထောင်က ဘူးလေးတစ်ဘူးကို ထုတ်ကာ လင်းလန်ရှေ့ ဒူးတစ်ဘက် ထောက်ချလိုက်သည်။ ထို့နောက် သူက လင်းလန်အား အလွန် ချစ်မြတ်နိုးသည့် အသံဖြင့်
"လင်းလန် ဒီပွဲက စီးပွားရေး လုပ်ငန်းရှင်များရဲ့ ဝိုင်ပါတီ ဖြစ်သလို ကိုယ် မင်းကို ပိုးပန်းမယ့် ဝိုင်ပါတီဆိုလည်း မမှားပါဘူး"
"တကယ်တော့ ကိုယ် မင်းကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက တစ်ဖက်သတ် ချစ်နေမိတာပါ၊ ကိုယ်တို့က ကလေးဘဝကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခင်မင်လာကြတာလေ၊ ကိုယ် မင်းကို ဟိုးကလေးအရွယ် ကတည်းက ချစ်ခဲ့သလို အခုထိလည်း မင်းကို သိပ်ချစ်နေတုန်းပါပဲ"
" ကိုယ်၊ မော့ထောင်က မော့ကလန်ရဲ့ ဆက်ခံသူလည်း ဖြစ်သလို မော့အုပ်စုရဲ့ ဥက္ကဋ္ဌ၊ မင်းဆိုတဲ့ လင်းလန်ကလည်း လင်းအုပ်စုရဲ့ ဥက္ကဋ္ဌလည်း ဖြစ်သလို ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌမလေးလေ၊ ကိုယ်တို့က အလိုက်ဖက်ဆုံး စုံတွဲတွေ ပါပဲ။ မင်းနဲ့ လိုက်ဖက်တဲ့သူ ဆိုလို့ ကိုယ်တစ်ယောက်တည်းပဲ ရှိတာပါ။ ကိုယ် မင်းကို အခြားသူတွေထက် ပိုချစ်ပါတယ်"
မော့ထောင်က ချစ်ရိပ်လွှမ်းနေသော စကားများကို ပြောနေစဉ်တွင် သူ့မျက်လုံးများကလည်း တဖျက်ဖျက် တောက်ပနေသောကြောင့် အခန်းတွင်းရှိ မိန်းမလှလေးများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် မော့ထောင်က သူ့လက်ထဲက ဘူးလေးကို ဖွင့်လိုက်သည်။ ရုတ်တရက် အသည်းပုံ လည်ဆွဲလေးက လူအုပ်ကြားထဲ ထင်းခနဲ ပေါ်လာသည်။
"လန်လန်၊ ကျေးဇူးပြုပြီး ဒီဘုရင်မ နှလုံးသားကို လက်ခံပြီး ကိုယ့်ရဲ့ ဘုရင်မ ဖြစ်ပေးပါလား၊ ကိုယ့်ကို မင်းအပေါ် တစ်သက်လုံး စောင့်ရှောက်ခွင့် ပေးပါလား"
မော့ထောင်၏ စကားအဆုံးတွင် တစ်ခန်းလုံး အပ်ကျသံတောင် ကြားရလောက် သည်အထိ တိတ်ဆိတ်လို့ သွားလေ၏။
တစ်ယောက်ချင်းစီတိုင်းက ထို ဘုရင်မ နှလုံးသားကို အသက်ရှူရပ်မတတ် စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် တစ်ခန်းလုံး ဆူညံ ပွက်လော ရိုက်သွားသည်။
*ဘုရင်မ နှလုံးသား*
*ဒါ ဘုရင်မ နှလုံးသားပဲ*

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora